နေပြည်တော် ဇွန် ၉
AHA Centre မှတစ်ဆင့်ပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် H.E. Dr. KUNG Phoak က မြန်မာနိုင်ငံ သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်၌ လိုအပ်ချက် ဆန်းစစ်ခြင်းအပါအဝင် လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေး မြန်မာနိုင်ငံဘက်မှ ကူညီဆောင်ရွက် ပေးခဲ့မှုများအတွက် အသိအမှတ်ပြုပါကြောင်း ပြော ကြားပြီး အာဆီယံ၏ တူညီဆန္ဒ ၅ ချက်အနက် စတုတ္ထအချက် အကောင်အထည်ဖော်ရန် ရှေ့ဆက် မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ရာ၌ လက်တွေ့ကျ၍ အမှန်တကယ်လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၏ ဆုံးဖြတ် ချက်များကို အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံ ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကူအညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ရောက်ရှိရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
သတင်းစဉ်



