ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌဟောင်းအား လက်ခံတွေ့ဆုံ

 

နေပြည်တော်  မေ   ၁၀


အပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး    ဦးကိုကိုလှိုင် သည်   ဂျပန်နိုင်ငံ   တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြား  သတင်းထောက် များအသင်း   (Foreign Corre-spondent  Club of  Japan-FCCJ)   ၏  ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.KHALDON AZHARI   အား ယနေ့    ညနေပိုင်းတွင်   အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ၏  ပကတိအခြေအနေမှန်များ နှင့်  နိုင်ငံတကာ  မီဒီယာများနှင့် စပ်လျဉ်းသည့်     ကိစ္စရပ်များကို ရင်းရင်းနှီးနှီး     ဆွေးနွေးခဲ့ကြ သည်။


သတင်းစဉ်