
နေပြည်တော် အောက်တိုဘာ ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာပြုဌာနခွဲ စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်များသို့ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြတိုက် အတွင်း ခင်းကျင်းပြသထားသော ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး တည်ထားစဉ်က ဆောင်ရွက်ခဲ့သည့် အခမ်းအနား(၉)မျိုး ကျင်းပခြင်း မှတ်တမ်းဓာတ်ပုံ ကားချပ်များ၊ အိန္ဒိယနိုင်ငံ၊ သံဝေဇနိယလေးဌာနရှိ ဖွား၊ ပွင့်၊ ဟော၊ စံ ဓာတ်ပုံကားချပ်များကို Light Box များဖြင့် ခင်းကျင်းပြသထားမှုနှင့် ဥပ္ပါတသန္တိ စေတီတော် ပုံစံငယ်(၂)ဆူ၊ ရဟန္တာဓာတ်တော်ကြုတ်၊ မုဒြာပုံစံတို့ကို ခင်းကျင်းပြသထားမှုများကို လည်း ကောင်း၊ မော်ကွန်းတိုက်အတွင်း ခင်းကျင်းပြသထား သည့် ဥပ္ပါတသန္တိစေတီတော်ကြီးတည်ထားစဉ်က အသုံးပြုခဲ့သော လက်သုံးကိရိယာပစ္စည်းများနှင့် အခမ်းအနားသုံးပစ္စည်းများ ခင်းကျင်းပြသထားမှု များကို လည်းကောင်း၊ စာကြည့်တိုက်အတွင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာမြန်မာစာအုပ်များ၊ အင်္ဂလိပ်စာအုပ် များ၊ ပေစာထုပ်များ၊ ကမ္မဝါစာနှင့် ပုရပိုက်များကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနစုတာဝန်ခံများမှ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအား အစည်း အဝေးခန်းမတွင် စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်း တိုက်၊ သာသနာ့ဗိမာန်နှင့် နယ်မြေဌာနစုတာဝန်ခံ နှင့် သက်ဆိုင်ရာဌာနစုတာဝန်ခံများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာကြည့် တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်၊ သာသနာ့ဗိမာန် နှင့် နယ်မြေဌာနစုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်စေရန် ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ပါအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ယခုနှစ်ကုန် တွင် မြန်မာနိုင်ငံ၏ လူဦးရေတစ်ဝက်အား ကာကွယ် ဆေးထိုးနှံနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ အောက်ဆီဂျင်စက်ရုံများလည်း အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်မှ မတရားအသင်းအဖြစ် ကြေညာထားသည့်အဖွဲ့ အစည်းများနှင့် ပါဝင်ပတ်သက်မှုမရှိစေရေးနှင့် အန္တရာယ်ကို မြင်အောင်ကြည့်တတ်ရန်၊ မျိုးချစ် စိတ်ဓာတ်ရှိရန်နှင့် ဘာသာသာသနာကို တန်ဖိုးထား ရန်လိုအပ်ကြောင်း၊ မည်သည့်အစိုးရတက်တက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့်အညီ ကြိုးစားတာဝန်ထမ်းဆောင်ရန် လိုအပ် ကြောင်း ပြောကြားသည်။
သတင်းစဉ်