
ရန်ကုန် နို၀င်ဘာ ၁
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ် ရေးဗဟိုအဖွဲ့(၁/၂၀၂၁) အစည်း အဝေးကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ် ဓမ္မာရုံ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟို အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့ မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်ဆရာတော်များနှင့် မော်ကွန်းထိန်း ဆရာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မိုင်းသောက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသက အဖွင့် သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားသည်။
ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး (အပေါ်ပုံ) အစည်းအဝေး အစီအစဉ်အရ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့၏ (၁/၂၀၂၀) အစည်းအဝေး မှတ်တမ်းကို တင်ပြအတည် ပြုချက်ရယူခြင်း၊ ဗဟိုပညာရေး အဖွဲ့(၁/၂၀၂၁) အစည်းအဝေးမှ တင်ပြချက်များ၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး)တို့မှ တင်ပြချက်များ၊ (၂၆)ကြိမ်မြောက်နှင့် (၂၇) ကြိမ် မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနား ၌ ဘွဲ့ခံယူမည့် ရဟန်းတော် များစာရင်းကို အတည်ပြုခြင်း နှင့် အထွေထွေကိစ္စရပ်များကို သာသနာတော် ထွန်းကားပြန့်ပွား ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးမင်းထွန်းက တင်ပြ လျှောက်ထားသည်။
ယင်းနောက် သဘာပတိ ဆရာတော်က နိဂုံးချုပ်သြဝါဒ ကထာ မြွက်ကြားပြီး ပြည်ထောင် စု ဝန်ကြီးက အစည်းအဝေးသို့ ကြွရောက်လာကြသည့် ဆရာ တော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင် အစည်းအဝေး ခန်းမတွင် ကိုဗစ်- ၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ကျင်းပပြုလုပ်သည့် မဟာဂီတ သီချင်းကြီးများ စိစစ်ရေး၊ ဂီတသင်္ကေတမှတ်တမ်းပြုစုရေး လုပ်ငန်းအစည်းအဝေးသို့ တက် ရောက် အမှာစကားပြောကြား သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံး ချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ် ကြီး ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဂေါပကအဖွဲ့နှင့်တွေ့ဆုံ၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်