ပြည်ထောင်စုဝန်ကြီး ဦးကိုကို မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်   ၇


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး    ဦးကိုကိုသည်    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   ဟောင်ကောင်မြို့   လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ ဦးစီးပဓာနနာယကဆရာတော်  ဘဒ္ဒန္တကုသလအား ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်းနှင့် နေပြည်တော်၊ ဆရာတော် ဘဒ္ဒန္တ ကုသလက    ဒက္ခိဏသီရိမြို့နယ်တွင်     တည်ထား ကိုးကွယ်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်    အလယ်တောရဓမ္မဝိဇယသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ရေးအတွက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန    အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ 

 


ဦးစွာ  နမောတဿ  သုံးကြိမ်ရွတ်ဆို  ဘုရား  ကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စု  ဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင် မြို့ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ ဦးစီးပဓာန နာယက  ဆရာတော်  ဘဒ္ဒန္တကုသလအား မဟာဂန္ထ  ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း၍ ဆရာတော်က  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ဆောက်ရေးအတွက်  အလှူငွေ  အမေရိကန် ဒေါ်လာ  ၂၀၀၀၀  နှင့်  ဆရာတော်ကြီး၏  ဒကာ Mr. Wang Chang I က မြန်မာငွေကျပ်သိန်း ၅၀ လှူဒါန်းသည်။ ထပ်မံ၍ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော အလယ်တောရဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးအတွက်     မြန်မာငွေကျပ်သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး က  လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်သည်။

 


 ထို့နောက်        ဆရာတော်ဘဒ္ဒန္တကုသလက  ဘွဲ့တံဆိပ်တော်   ဆက်ကပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်  ဂုဏ်ယူကြောင်း   ဩဝါဒမိန့်ကြားပြီး  အခမ်းအနားတက်ရောက်သူများက လှူဒါန်းမှုအစုစု  တို့အတွက် ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 


ထို့နောက်   မဟာဂန္ထဝါစကပဏ္ဍိတ  ဘွဲ့တံဆိပ် တော်ရ   ဆရာတော်  ဘဒ္ဒန္တကုသလနှင့်အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထား လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သို့ သွားရောက်၍ ရုပ်ပွားတော်ကြီး တည်ဆောက် နေမှု၊  ဂန္ဓကုဋိတိုက်နှင့် ပါဠိအက္ခရာ၊  ရိုမန်အက္ခရာ နှစ်ဘာသာဖြင့်  ရေးထိုးထားသည့်  ပိဋကတ်သုံးပုံ ကျောက်စာရုံများအား လှည့်လည်ကြည့်ရှု ဖူးမြော် ခဲ့ကြကြောင်း သိရသည်။ 
                   

သတင်းစဉ်