ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားပြတိုက် (နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၈ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက် (နေပြည်တော်)အတွင်း ခင်းကျင်း ပြသထားမှုများကို ကြည့်ရှု စစ်ဆေးသည်။ ရှင်းလင်းတင်ပြ ရှေးဦးစွာ အမျိုးသားပြတိုက် (နေပြည်တော်)၊ Mini Theatre ၌ အမျိုးသားပြတိုက် (နေပြည် တော်)၏ သမိုင်းကြောင်းနှင့် ပြခန်းများ ခင်းကျင်းပြသထားရှိ မှုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ လှည့်လည်ကြည့်ရှု ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အမျိုးသားပြတိုက် (နေပြည်တော်)ရှိ လက်ဆောင် ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက် ခေတ်၊ ကြေးခတ်၊ သံခေတ်)ပြခန်း၊ သမိုင်းတင်ခေတ်ဦး( ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစု )ပြခန်း၊ သမိုင်းတင် ခေတ်( အေဒီ ၁၁ ရာစုမှ အေဒီ ၁၄ ရာစု )ပြခန်း၊ မြန်မာ့အနုသုခုမ ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့ လက်မှု အနုပညာပြခန်းနှင့် အာဆီယံပြခန်းအတွင်း လှည့် လည်ကြည့်ရှု စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က လိုက်လံရှင်းလင်း ပြသသည်။ ပူးပေါင်းဆောင်ရွက်သင့် ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အမျိုးသားပြတိုက် (နေပြည်တော်)မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန သည် သမိုင်းမတင်မီနှင့် သမိုင်း တင်ပြီးခေတ်များက ပျောက်ကွယ် နေသော သဲလွန်စများကို ရှာဖွေ ဖော်ထုတ် ထိန်းသိမ်းရသော အလုပ်ဖြစ်ကြောင်း၊ ရှာဖွေ ဖော်ထုတ်ရရှိသော တွေ့ရှိချက် များကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီး ဌာနနှင့် ပေါင်းစပ်လိုက်ပါက နိုင်ငံတော်အတွက် အဖိုးတန်သည့် သမိုင်းအချက်အလက်များ ရရှိ လာမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားတို့၏ ရှေးဟောင်းသုတေသန နှင့် ယဉ်ကျေးမှု ဖော်ထုတ် ထိန်းသိမ်းရေးကိုလည်း သက်ဆိုင် ရာ တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ၉ ရပ်မှ လူမှုရေး ဦးတည်ချက် ပိုဒ်ခွဲ(က)နှင့်(ခ)တို့ကို မိမိတို့၏ လုပ်ငန်း လမ်းညွှန်အဖြစ် ခံယူသင့်ကြောင်း မှာကြားသည်။ သတင်းစဉ်