ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

 

နေပြည်တော်   ဇွန်   ၃၀


၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   မိုးရာသီ   သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) ရုံးအဆောက်အအုံ ၏ အရှေ့ဘက် သရက်ခြံအနီး၌ ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုက သစ်ပင်စိုက်ပျိုး ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်  စပ်လျဉ်း၍  အဖွင့်အမှာစကား ပြောကြားသည်။

 


ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၊  ဒုတိယ ဝန်ကြီး   ဦးအေးထွန်း၊  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊   အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင် များကို စိုက်ပျိုးကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုး နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 


အဆိုပါ    အခမ်းအနားတွင်   ကျွန်းပင်  ၃၀၀  စိုက်ပျိုး ခဲ့ပြီး   ယခင်နှစ်များက    စိုက်ပျိုးခဲ့သည့်  ကျွန်းပင် ၁၈၀၀ ၊ ရတနာတန်းဝင်    အရိပ်ရလေကာပင်များနှင့်  စိန်တစ်လုံး သရက်ပင်   ၂၄၅၀  တို့သည်လည်း  ရှင်သန်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်