
နေပြည်တော် မေ ၂
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ သစ်တော၊ သတ္တု နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံရုံးမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
သတင်းစဉ်