ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ  ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်   ဇွန်   ၂၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ကောင်းမှုတော် ပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသတွင် ပေါက်ရောက် သော သစ်မျိုး ၂၂ မျိုး၊ ပျိုးပင် ၄၅၀၀၀ ပျိုးထောင် ထားရှိမှု ကြည့်ရှုစစ်ဆေးသည်။ 
အထူးစိမ်း တစ်အုပ်တစ်မ
ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် နတ်ရေကန်ကြိုးပြင်ကာကွယ်တောရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထား သော  ၃/၂၀၂၁ တစ်အုပ်တစ်မ တမာ၊ မြန်မာကုက္ကို၊ ပိတောက် အပင် ၃၀၀၀ စိုက်ပျိုးထားရှိမှု၊ ရှင်သန်မှု အခြေအနေနှင့် ၂/၂၀၂၀ အထူးစိမ်း တစ်အုပ်တစ်မ စိုက်ခင်း တမာပင် ၂၀၀၀ ၏ ရှင်သန်အောင်မြင်နေမှု၊ ထိန်းသိမ်းဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး ရာ    တာဝန်ရှိသူများက   ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား သည်။   ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် နတ်ရေကန်ကြိုးပြင်ကာကွယ်တောရှိ ၂၀၂၀ ခုနှစ် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော ၃၁ ဧက၏ အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်         ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့နယ်ရှိ   ဗောဓိ တထောင် အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းဧရိယာ သို့ရောက်ရှိရာ    စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက် များကို    ရှင်းလင်းတင်ပြသည်။       ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။
ကျေးရွာသုံးထင်းစိုက်ခင်း
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ ရုံးတွင် စစ်ကိုင်းတိုင်း တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍    ၂၀၂၁   မိုးရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း    လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးမည့် အစီအမံများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်မည့်   အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ    ကိစ္စရပ်များ၊ သတ္တုကဏ္ဍဆိုင်ရာကိစ္စရပ်များ၊     ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ အပြန် အလှန် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို  ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး      ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။ 
သတင်းစဉ်