
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် China Central Television (CCTV) သတင်းဌာနမှ Chief Correspondent ဖြစ်သူ Mr. Wang Yu အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ဆက်လက်ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-တရုတ် ခရီးသွားနှစ်ဆိုင်ရာ အစီအစဉ်များ အပြန်အလှန်ထုတ်လွှင့်ပြသမည့် အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်