
နေပြည်တော် အောက်တိုဘာ ၁၆
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ညနေပိုင်းတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား ဗီဒီယိုကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံး ပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ပေးခဲ့ပြီးနောက်ပိုင်း မြန်မာ နိုင်ငံ၌ ကလေးစစ်သည် စုဆောင်း မှုနှင့် ကလေးသူငယ်များကို အသုံး ပြုမှုများ တားဆီးကာကွယ်ရေး အတွက် ဆက်လက်၍ အရှိန် အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေး ပြောကြားသည်။
အဆိုပါ တားဆီးကာကွယ်ရေး လုပ်ငန်းများ ရေရှည်တည်တံ့မှု ရှိစေ ရန်အတွက် အမျိုးသားအဆင့် စောင့်ကြည့်ကွပ်ကဲသည့် ယန္တရား တစ်ရပ် တည်ထောင်ရန် ဖြစ်နိုင်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်အကြမ်းဖက် ကျူးလွန်မှုများကို တားဆီးကာကွယ် ရေးအတွက် မြန်မာနိုင်ငံ၌ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်တစ်ရပ် ချမှတ် ၍ အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့် လက်နက်ကိုင် ပဋိပက္ခများ အတွင်း ကလေးသူငယ်များအား ကာကွယ်မှုပေးရေးအတွက် ကုလ သမဂ္ဂနှင့် ပူးပေါင်း၍ တိုးမြှင့်ကြိုးပမ်း ဆောင်ရွက်ရေး အလားအလာများ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်