
နေပြည်တော် အောက်တိုဘာ ၁၆
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း သည် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ အစည်းတစ်ခုဖြစ်သော နိုင်ငံစုံရင်းနှီး မြှုပ်နှံမှု အာမခံ အေဂျင်စီ (Multilateral Investment Guarantee Agency - MIGA) ၏ Executive Vice President ဖြစ်သူ Mr. Hiroshi Matano နှင့်အဖွဲ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။ (ယာပုံ)
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့်ဝင်ရောက်လာရေးကို အထောက်အကူပြုစေနိုင်ရေးအတွက် MIGA ၏ ကြိုးပမ်းဆောင်ရွက်ပေး မှု များအတွက် ကျေးဇူးအထူး တင်ရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် Public- Private Partnership Project (PPP) နှင့် Loan Projects စသည့် စီမံကိန်းများကို စိစစ်နိုင်ရန် Project Bank တည်ထောင်၍ ဆောင် ရွက်လျက်ရှိပါကြောင်း၊ MIGA အနေ ဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ယခု ထက်ပိုမို၍ ရင်းနှီးမြှုပ်နှံနိုင်ရန် ကြိုးပမ်းပေးစေလိုပါကြောင်း၊ အထူး သဖြင့် Renewable Energy Projects များတွင် ရင်းနှီးမြှုပ်နှံလာနိုင်ရေး အတွက် ပံ့ပိုးကူညီ ပေးစေလိုပါ ကြောင်း၊ မြန်မာနိုင်ငံ၏ Infrastr-ucture Projects များတွင် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုစီးဝင်လာနိုင်ရေး အတွက် MIGA နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
MIGA ၏ Executive Vice President ဖြစ်သူ Mr. Hiroshi Matano က မြန်မာနိုင်ငံသို့ MIGA က ဆက်လက်ပံ့ပိုးကူညီပေးမည့် ကိစ္စရပ် များ၊ MIGA ၏ Guarantee ဖြင့် Sembicomp Myingyan Power Company Limited က တောင်သာ မြို့နယ်တွင် ဆောင်ရွက်နေသည့် ၂၂၅ မဂ္ဂါဝပ်ရှိသည့် Gas- fired combined cycle power station project အကောင်အထည်ဖော်မှု အခြေအနေ များကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ Mr. Matano က မြန်မာအစိုးရက အကောင်အထည် ဖော်ရန် စီစဉ်နေသည့် Solar Energy Project နှစ်ခုတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွက် ရင်းနှီးမြှုပ်နှံလိုသည့် အဖွဲ့ အစည်းများအား MIGA မှ တိုက်တွန်း ပြောကြားပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ကမ္ဘာ့ဘဏ်အုပ်စုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် political risk အပါ အဝင် large scale high- risk foreign investment project များ၌ နိုင်ငံ တကာမှ ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံလာ နိုင်စေရေးအတွက် Guarantee များ ထုတ်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးရန် ရည်ရွယ်ချက်ဖြင့် MIGA အား ၁၉၈၈ ခုနှစ် ဧပြီလတွင် စတင် တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ MIGA တွင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၂၅ နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၅၇ နိုင်ငံ၊ စုစုပေါင်း ၁၈၂ နိုင်ငံတို့က အဖွဲ့ဝင်များအဖြစ် ဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ မြန်မာ နိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် MIGA သို့ (၁၈၀) မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ SMEs နှင့် microfinance လုပ်ငန်း ကဏ္ဍများရှိ Project ငါးခုအား MIGA ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
တွေ့ဆုံပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး များဖြစ်သည့် ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲ ပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့်အတူ ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်