
နေပြည်တော် သြဂုတ် ၁၅
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)နှင့် သာဂရစက်မှု နယ်မြေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စက်ရုံအစည်းအဝေး ခန်းမ၌ အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ရုံငှားရမ်းခဲ့သည့် အခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီ အမံများနှင့် ဝန်ထမ်းအင်အားတို့ကို လည်းကောင်း၊ Lat War Co., Ltd. နှင့် Best Eternity Recycle Pulp and Paper Co,.Ltd တာဝန်ရှိသူများ က လက်ရှိ စက်ရပ်နားထားမှု၊ စက်ပြန်လည် လည်ပတ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ Wet Pulp မှ Dry Pulp သို့ ပြောင်းလဲ ထုတ်လုပ်နိုင်ရေးအတွက် ထပ်မံ ရင်းနှီးတိုးချဲ့ ဆောင်ရွက်မည့်အခြေ အနေ၊ Tissue နှင့် Kraft Pulp တိုးချဲ့ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များကို အသေးစိတ်မေးမြန်း၍ လိုအပ်သည် များ မှာကြားသည်။
အခွင့်အလမ်းများ ပိုမိုရရှိမည်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း (Priva-tization)၊ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း (Public Private Partnership - PPP)၊ ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်ခြင်း (Joint Venture - JV) စသည့် နည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှသာ ပြည်သူအများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ပြီး တိုင်းပြည် ဝင်ငွေ လည်း တိုးတက်မည်ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့မည့် ပျော့ဖတ်များကို လည်း စနစ်တကျထုပ်ပိုးရမည်ဖြစ် ကြောင်း၊ Waste water များကိုလည်း စနစ်တကျသန့်စင်ပြီးမှသာ စွန့်ပစ် ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ ငှားရမ်းထားသည့် ကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထား သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စက်ရုံငှားရမ်း ထားသည့် ကုမ္ပဏီအနေဖြင့် ရရှိသည့် အမြတ်အစွန်းအချို့ကို ဝန်ထမ်းများ ၏ သက်သာချောင်ချိရေးနှင့် စက်ရုံ အနီးပတ်ဝန်းကျင်အတွက် လူမှုရေး တာဝန်သိမှု (CSR)လုပ်ငန်းများ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြန်မာဆူးမက်(စ်) ဝင်းဝင်းအထည်ချုပ် Co.,Ltd နှင့် Bago Young Clothing Ltd တို့၏ CMP စနစ်ဖြင့် ဆောင်ရွက်နေသော အထည်ချုပ်လုပ်ငန်းများကို လည်း ကောင်း၊ ပြည်ပသို့တင်ပို့ရန် ချုပ်လုပ် နေသော Primark (UK) တံဆိပ် Woven Jacket, T-Shirt, Polo Shirt, Short Pant များ ထုတ်လုပ်မှု လုပ်ငန်း အဆင့်ဆင့်တို့ကို လည်း ကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
ဖြည့်စွက်ရှင်းလင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် သာဂရစက်မှု နယ်မြေသို့ ရောက်ရှိရာ အမှတ်(၁၄) အကြီးစား စက်ရုံနှင့် အမှတ်(၁၅) အကြီးစား စက်ရုံ စက်ရုံမှူးများက စက်ရုံသမိုင်း အကျဉ်း၊ ထုတ်ကုန်အမျိုးအစားများ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဝန်ထမ်း အင်အားတို့ကို လည်းကောင်း၊ အမှတ်(၃) စက်မှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ကာလတိုသင်တန်းများ၊ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျား သင်တန်းများ ဖွင့်လှစ်ခဲ့မှုနှင့် ဝန်ထမ်း ရေးရာကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက စက်ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဆင် သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထား ရှိရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း၊ အမှတ် (၁၄) အကြီးစားစက်ရုံအနေဖြင့် ထုတ်လုပ်ထားရှိသော 6v,8v,12v အင်ဂျင်များကို ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း၍ အမြန်ဆုံးရောင်းချ နိုင်ရေး စီမံဆောင်ရွက်ရန်၊ မြန်မာ့ မီးရထားသို့ ရောင်းချထားသော အင်ဂျင်ကိုးလုံးအား လိုအပ်သည် များကို အမြန်ဆုံးစစ်ဆေး ပြုပြင် ပေးရန်၊ သင်တန်းကျောင်းအနေ ဖြင့် သင်တန်းသားများအား အမှန် တကယ် ကျွမ်းကျင်တတ်မြောက် အောင် လေ့ကျင့်သင်ကြားပေးရန်နှင့် ပိုမိုလက်ခံသင်ကြားပေးနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ ဘာသာရပ်တစ်ခုစီ တွင် သင်တန်းသား ၃၀ စီ လက်ခံ သင်ကြားပေးနေရာမှ ၅၀ အထိ တိုးချဲ့ သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက် ရန်၊ သင်တန်းသားများအား Certifi-cate ပေးနေရာမှ Diploma လက်မှတ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားရာ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်က Certificate မှ Diploma လက်မှတ် တိုးမြှင့်ချီးမြှင့်ပေးနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ထားရှိမှုတို့ကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်