
နေပြည်တော် ဇူလိုင် ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မဟာဗျူဟာရေးဆွဲ
အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က မဟာဗျူဟာရေးဆွဲရာတွင် နိုင်ငံတော် အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်ကိုက်ညီရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာ၏ ရည်မှန်းချက် များသည် တိုင်းရင်းသားများအားလုံး တန်းတူညီမျှ သော နိုင်ငံသားအခွင့်အရေးများ ရရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပါရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအတိုင်း ပြည့်ဝအောင်မြင်နိုင်ရေးတို့နှင့်အညီ ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါရှိသည့် အခန်းကဏ္ဍများကို နှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား၊ ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းလာလိမ့်မည်ဟု မျှော်လင့်ရပါကြောင်း ပြောကြားသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ခိုင်မာတိကျသော မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေးသည် အနာဂတ်လုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ မဟာဗျူဟာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်လေးစားမှုရှိလာ မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေး ကြစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းအေးကိုက တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ စတုတ္ထ မူကြမ်းနှင့် စပ်လျဉ်း၍ နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် အခန်း ကဏ္ဍများကို ရှင်းလင်းတင်ပြပြီး ညှိနှိုင်းဆွေးနွေးပွဲကို အုပ်စု (၃)စုခွဲ၍ အွန်လိုင်းစနစ်ဖြင့် ဆက်လက် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်