
နေပြည်တော် ဇူလိုင် ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ- တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရေး၊ မြန်မာ-တရုတ် နှစ် နိုင်ငံအကြား ခရီးသွားဧည့်သည် များ အပြန်အလှန် သွားလာ လည်ပတ်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ သို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် အာဆီယံ-တရုတ်ဗဟို ဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေး၊ တရုတ်နိုင်ငံ၌ ကျင်းပ သည့် နိုင်ငံတကာခရီးသွားပြပွဲများ၊ ပွဲတော်များနှင့် ကုန်စည်ပြပွဲများ သို့ ဖိတ်ကြားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဌာန ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ နှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်