ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဩဂုတ်    ၂၈
ကျန်းမာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့နံနက် ပိုင်းတွင်    ဒုတိယဝန်ကြီး   ဒေါက်တာ  အေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး    ညွှန်ကြားရေးမှူးချုပ်နှင့် အတူ  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီးက     အစား အသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်သူများ       နေ့စဉ်စားသောက်သုံးစွဲနေရသည့် အစားအသောက်၊   ဆေးဝါး၊    ဆေးပစ္စည်း၊ အလှ ကုန်/ လူသုံးကုန်ပစ္စည်းများ၏  အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို တာဝန်ယူ ဆောင်ရွက် ရသည့်အတွက် အလွန်တာဝန်ကြီးကြောင်း၊ ပြည်သူ အများ နေ့စဉ်သုံးစွဲနေရသည့် သောက်ရေသန့်များ၊ စားသုံးဆီများ၊ နို့မှုန့်များကို စနစ်တကျ ပုံမှန်စစ်ဆေး ကြီးကြပ်ပေးရန် လိုအပ်ကြောင်း၊ MSMEs လုပ်ငန်း များ    အဆင့်မီမီ    တိုးတက်စေရေးအတွက်လည်း ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်   ဆောင်ရွက်နေ သော  ဓာတ်ခွဲခန်းလုပ်ငန်းများ   ပုံမှန်လည်ပတ်နိုင် စေရေးနှင့် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို  အရှိန်အဟုန်မြှင့်      ဆောင်ရွက်စေလိုကြောင်းနှင့် ဆေးဝါးနှင့်   ကာကွယ်ဆေးများ   စိစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး ဆိုင်ရာ  ကိစ္စရပ်များ၊  ဓာတ်ခွဲခန်းများနှင့်ပတ်သက် သည့် ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ လိုအပ်သည်များကိုမှာကြားသည်။
ယင်းနောက်  ဒုတိယဝန်ကြီးက  ဥပဒေ၊  နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လက်မှုလုပ်ငန်းများ (MSMEs) နှင့် စပ်လျဉ်းသည့်  စားသောက်ကုန်လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေး၊  တန်ဖိုးမြှင့်ထုတ်ကုန်များ     ထုတ်လုပ်နိုင်ရေးတို့ကို  ပံ့ပိုးဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
လက်ရည်တစ်ပြင်တည်းသုံးဆောင်
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်က    ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခြင်း၊   ညွှန်ကြားရေးမှူး   (စီမံကိန်း/စစ်ဆေး  ရေး) က ဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄  ခုနှစ်  ဇွန်လအထိ  လုပ်ငန်းဆောင်ရွက်မှုကို တင်ပြခြင်း၊    ညွှန်ကြားရေးမှူး(စီမံ) က  အဆင့်မြင့် ဓာတ်ခွဲခန်း(B)    ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခြင်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး) က ဆေးဝါးဌာန၏ လုပ်ငန်းလက်ကျန်များလျှော့ချရေး စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြခြင်းများ   ‌ဆောင်ရွက်ကြပြီး   ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကိုမှာကြားကာ အစား အသောက်နှင့်         ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အရာ ထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို ရင်းနှီးစွာ    လက်ရည်တစ်ပြင်တည်း     သုံးဆောင် ကြသည်။     
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အဆင့်မြင့်ဓာတ်ခွဲခန်း (A) နှင့် (B) ဆောက်လုပ်ပြီးစီး ၍ အသုံးပြုနေမှုအခြေအနေများ၊ ဇီဝစံဓာတ်ခွဲခန်းနှင့် ဆေးဝါးဌာနခွဲတို့ကို  လှည့်လည်ကြည့်ရှု၍  လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်