
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက် ပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့်အတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန (Myanmar Centers for Disease Control and Training Center for Medical Staff- Myanmar CDC) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အစွမ်းကုန် ညှိနှိုင်းပံ့ပိုးပေးလျက်ရှိ
ရှေးဦးစွာ တည်ဆောက်ရေးလုပ်ငန်းခွင် အစည်း အဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ရောဂါထိန်းချုပ် ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့် ရေးဌာနသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေး သင်္ကေတတစ်ခုဖြစ်ပြီး ဒေသတွင်းနှင့်မိမိတို့နိုင်ငံ၏ ကမ္ဘာ့ကပ်ရောဂါများအပါအဝင် ကူးစက်ရောဂါများ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် ကျန်းမာရေး ဗဟိုဌာနဖြစ်လာမည်ဖြစ်သောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို အစွမ်းကုန် ညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းအချိန်မီပြီးစီးနိုင်ရန်အတွက် ထပ်မံလိုအပ် လာနိုင်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါများနှင့် ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်ရေးနည်းပညာ ဆိုင်ရာ ပံ့ပိုးကူညီခြင်းအပြင် ရောဂါရှာဖွေစစ်ဆေး ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သင်တန်းလေ့ကျင့်ပို့ချခြင်းများကိုလည်း တစ်နေရာ တည်းတွင် ဆောင်ရွက်နိုင်မည်ဖြစ်၍ များစွာအကျိုး ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ CCCC Third Habouring Co., Ltd မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အဆင့်ဆင့်နှင့် ဆောင်ရွက်ပြီးစီးမှုများ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အမှတ်တရ သစ်သီးခြင်း လက်ဆောင်ပေးအပ်သည်။
အကျိုးကျေးဇူးများစွာ ရရှိမည်
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန (Myan-mar CDC) တည်ဆောက်ရေးစီမံကိန်းသည် ယွမ် သန်း ၄၀၀ ခန့်တန်ဖိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်၍ အုပ်ချုပ်မှုလုပ်ငန်းများအတွက် နှစ်ထပ်ဆောင် တစ်ဆောင်၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဆင့်မီ ဇီဝလုံခြုံမှုအဆင့် (၃) နှင့် အဆင့်(၂) (Biosafety Level 3 and 2) ဓာတ်ခွဲခန်း များပါရှိသော သုံးထပ်ဆောင် တစ်ဆောင်၊ ကျန်းမာ ရေးဝန်ထမ်းများ နေထိုင်လေ့ကျင့် သင်ကြားနိုင်မည့် သုံးထပ် သင်ကြားမှုဆောင် တစ်ဆောင်တို့ပါဝင်ပြီး စီမံကိန်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းတွင် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများကို တရုတ် နိုင်ငံမှ ပညာရှင်များက လာရောက်၍ နည်းပညာ များ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေးခြင်း၊ မြန်မာနိုင်ငံမှ သင်တန်းသားများကို တရုတ်နိုင်ငံသို့ စေလွှတ်ပြီး လိုအပ်သောသင်တန်းများ ပို့ချပေးခြင်း တို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအဆင့်မီ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနတစ်ခုအဖြစ် ပေါ်ပေါက်လာစေမည် ဖြစ်ပြီး ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်