ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများအား ကွင်းဆင်းကြည့်ရှုပြီး နေရပ်စွန့်ခွာသူများကို တွေ့ဆုံထောက်ပံ့

နေပြည်တော် ဒီဇင်ဘာ ၁၉


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ  နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်း နောင်၊        ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ      ပူးပေါင်း‌ ဆောင်ရွက်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌   ဒေါက်တာ သက်သက်ခိုင်တို့သည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်နယ် လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် တာဝန်ရှိသူများ    လိုက်ပါ၍ ပေါက်တောမြို့နယ်  ကြိမ်နီပြင် IDP စခန်းသို့  ရောက်ရှိပြီး  IDP စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ် များကို    တွေ့ဆုံအမှာစကား ပြောကြားကာ  တင်ပြချက်များ အပေါ်       ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးသည်။


ထို့နောက်  ကြိမ်နီပြင်    IDP စခန်းအတွင်း  နေထိုင်သူများကို ကိုဗစ်ကာကွယ်ဆေး  ထိုးနှံနေမှု နှင့်     ဒေသန္တရဆေးပေးခန်း၊ အခြေခံပညာ    အလယ်တန်း ကျောင်းခွဲများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။    ယင်းနောက် စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်း နှင့်   မင်းဂံရပ်ကွက်    ဥဿလင်း ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်၍    တိုက်ပွဲရှောင် ပြည်သူများနှင့်     တွေ့ဆုံကာ တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေး၊  လူသားချင်းစာနာ ထောက်ထားမှုအကူအညီရရှိ‌ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊  ပြန်လည်နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်များကို  ရှင်းလင်း ပြောကြားပြီး       ဥဿလင်း ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေများ  ဆက်ကပ်လှူဒါန်း သည်။


ဆက်လက်၍  နယ်စပ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး သည်   ၂၀၂၁-၂၀၂၂  ခြောက်လ ဘဏ္ဍာရေးကာလ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သော စစ်တွေမြို့နယ် ကံ့ကော် ကျွန်း-ဇော်မတက်-ချောင်းနွယ် လမ်းဆုံအထိ  ကွန်ကရစ်လမ်း          ၁ မိုင်  ၁ ဖာလုံ  ဆောင်ရွက်နေမှု၊  ပေ ၁၅၀ အရှည်   ဇော်မတက် ချောင်းကူး တံတားတည်ဆောက် ပြီးစီးမှုနှင့် စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီးသင်   ပညာရေး ကျောင်း  RC သုံးထပ်ကျောင်း ဆောင်   ဆောက်လုပ်နေမှုကို   သွားရောက်ကြည့်ရှုစစ်‌ဆေး၍     ဆရာတော်အား   လှူဖွယ်ဝတ္ထု ပစ္စည်းများ  ဆက်ကပ်လှူဒါန်း သည်။


ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း တွင် မောင်တောမြို့နယ် တောင်ပြို လက်ဝဲ ပြန်လည်လက်ခံရေးစခန်း သို့  ရောက်ရှိပြီး   စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်   တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်၍    စခန်း တာဝန်ခံက   ရှင်းလင်းတင်ပြမှု အပေါ်  ပြည်ထောင်စုဝန်ကြီးများ နှင့်    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များကို ရှင်းလင်း ဖြည့်စွက် မှာကြားကာ ထောက်ပံ့ ငွေများပေးအပ်၍      ပြန်လည် လက်ခံရေး    ဆောင်ရွက်မည့် လုပ်ငန်းစဉ်     အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့  ရောက်ရှိခဲ့ကြပြီး   ဝန်ထမ်းများ နှင့်တွေ့ဆုံ၍    စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်၍  လိုအပ်သည် များကို      ရှင်းလင်းမှာကြားကာ ဝန်ထမ်းများအတွက်  ထောက်ပံ့ ငွေများ ပေးအပ်သည်။


ဖြည့်စွက်မှာကြား


ယင်းနောက်   လှဖိုးခေါင်ကြား စခန်းသို့ရောက်ရှိရာ  ပြန်လည် လက်ခံရေး   လုပ်ငန်းများနှင့် စပ်လျဉ်း၍   စခန်းတာဝန်ခံ၏ ရှင်းလင်းတင်ပြမှုအပေါ်  လိုအပ် သည်များကို  ရှင်းလင်းဖြည့်စွက် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ   ပေးအပ်ကာ ပြန်လည်လက်ခံရေးစခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်း တွင် စစ်တွေမြို့မှ ပလက်ဝမြို့သို့ ရောက်ရှိကြပြီး  ကီမိုခန်းမတွင် ဌာနဆိုင်ရာများ၊  မြို့မိ/မြို့ဖများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ တိုက်ပွဲရှောင် စခန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ     ဒေသတည်ငြိမ် အေးချမ်းမှုကို       ဆက်လက် ထိန်းသိမ်းကာ      မူလနေရပ် အသီးသီးသို့ ပြန်လည်နေထိုင်ရေး နှင့် ‌ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးပြောကြား


ထို့နောက် တက်ရောက်လာသူ များ၏  တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး  ပြည်ထောင်စုဝန်ကြီး များက   တိုက်ပွဲရှောင်များနှင့် သဘာဝဘေးဆိုင်ရာကိစ္စရပ်များအတွက်  ထောက်ပံ့မှုများ ပေးအပ် ကြသည်။ ယင်းနောက်  နယ်စပ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးသည် ပလက်ဝမြို့  နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး  သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးများနှင့်     အဖွဲ့သည် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိ၍  တိုက်ပွဲရှောင်  စခန်းနေပြည်သူ များ၊ မိသားစုဝင်များနှင့် တွေ့ဆုံ ကာ ပြည်ထောင်စုဝန်ကြီးများက အမှာစကား ပြောကြားကြသည်။ ထို့နောက်  တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား  ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ ၄၀၀ နှင့် ကျောင်းသုံးဗလာစာအုပ်  ဒါဇင် ၄၀၀ ကို     လည်းကောင်း၊ တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ၇၇၃ စု    လူဦးရေ  ၂၈၆၂ ဦးတို့ အတွက် တစ်လစာ ဆန် ၈၉၄ အိတ် ကို  လည်းကောင်း    ထောက်ပံ့ ပေးအပ်သည်။


ယင်းနောက် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် ပြန်လည် နေထိုင်ကြသည့်  ပြည်သူများ အတွက် နယ်စပ်ရေးရာဝန်ကြီး ဌာန   ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ အဝင်လမ်း လေးဖာလုံကို  မြေသား တာပေါင်တိုးချဲ့ခြင်း ဆောင်ရွက် နေမှု၊ ကျေးရွာဘုန်းကြီးကျောင်း ၆၀x ၄၈ ပေ RC နှစ်ထပ် ဆောက် လုပ်နေမှုနှင့် နေအိမ် ၃၂၃   လုံး        ပြုပြင်ဆောက်လုပ်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှု    စစ်ဆေး၍ ကျေးရွာနေပြည်သူများကို  ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သိရ သည်။              

      သတင်းစဉ်