
နေပြည်တော် ဇူလိုင် ၁
ပထမအကြိမ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တံခွန်စိုက်ဒိုင်း အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံတွင် ကျင်းပသည်။
ကြည့်ရှုအားပေး
ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ အမျိုးသားသုံးယောက်တွဲ၊ အမျိုးသား နှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းဗိုလ်လုပွဲ စဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးနောက်ခံ ကစားသမားဆု၊ ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ အကောင်းဆုံးအားကစားသမားဆုများ၊ တတိယဆု ရရှိသော အကျဉ်းဦးစီးဌာန အမျိုးသားနှစ်ယောက်တွဲ အသင်းတို့ကို တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များကလည်းကောင်း၊ တတိယဆုရရှိသော မီးသတ်ဦးစီးဌာန အမျိုးသားသုံးယောက်တွဲအသင်း ကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လည်းကောင်း၊ ဒုတိယဆုရရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမျိုးသားနှစ်ယောက်တွဲ အသင်းကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊ ဒုတိယဆုရရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမျိုးသားသုံးယောက်တွဲ အသင်းကို ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်(ရဲချုပ်)ကလည်းကောင်း၊ အမျိုးသမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်း သရုပ်ပြယှဉ်ပြိုင် ကစားသည့် အမျိုးသမီးနှစ်ယောက်တွဲအသင်းကို ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်နီလာစိန်ကလည်း ကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်က ပထမတံခွန်စိုက်ဒိုင်းဆု ရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသားနှစ်ယောက် တွဲအသင်းနှင့် ပထမတံခွန်စိုက်ဒိုင်းဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသားသုံးယောက်တွဲ အသင်းတို့ကို တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်းဆုတံဆိပ် များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒိုင်ခုနစ်ဦးကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်