ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇူလိုင် ၈


နယ်စပ်ရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ဇူလိုင် ၅ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးနှင့် ဝန်ထမ်း အိမ်ရာ အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။


ဖြည့်ဆည်းဆောင်ရွက်


ယင်းနောက်  တာချီလိတ်မြို့  အမျိုးသမီးအိမ်တွင်း မှု     သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား   ကျောင်းသူများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအတွက်ဝတ်စုံများ၊ ဦးထုပ်နှင့် ရှူးဖိနပ်များ    ထောက်ပံ့ပေးအပ်ကာ    သင်တန်း ကျောင်းဝင်းအတွင်း   လိုက်လံကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်မှုဆိုင်ရာ    လိုအပ်သည်များ   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။  


    မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် တာလေမြို့ နားအွန်- မယ်ပိန်းကျေးရွာ ချင်းဆက် လမ်း ၃မိုင် ၅ဖာလုံ အနက် ၁မိုင်ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား  ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဒေသခံတိုင်းရင်းသားများနှင့်   ရင်းရင်းနှီးနှီး တွေ့ဆုံကာ      လမ်းရေရှည်   ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်  မှာကြားသည်။ ယင်း နောက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ တင်ပြ ချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားသော မိုင်းဖြတ်မြို့နယ် တောညုကျေးရွာ အုပ်စု    တောညု - နမ့်ခွန်းတောင်ကျေးရွာသွား လမ်းကို     ကြည့်ရှုပြီး  ကျိုင်းတုံမြို့  ဆင်နှစ်ကောင်  ရေလှောင်ကန်မှ သောက်သုံးရေ  လုံလောက်စွာရရှိ ရေး ထပ်မံတိုးချဲ့ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ တာဝန်ရှိသူတို့က       ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  ဖြည့်စွက်ဆောင်ရွက်ရမည့် ကိစ္စများကို  ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။


ထောက်ပံ့ပေးအပ်


ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၆ ရက် မွန်းလွဲ ပိုင်းတွင် မက်မန်းခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမ၌  ဒေသခံဝန်ထမ်းများ၊   ပြည်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး   မက်မန်းမြို့နယ် ကောင်းလန်းကျေးရွာ၊   ဝမ်လုံကျေးရွာ၊  ပါလောင်း ကျေးရွာများအတွက် အိမ်သုံး ဆိုလာ ၅၁ စုံ၊ ကျောင်း သား ကျောင်းသူများအတွက် ကျောင်းဝတ်စုံအဖြူ/အစိမ်းနှင့် ဗလာစာအုပ် ၄၃၇ စုံတို့ကို ထောက်ပံ့ ပေးအပ်သည်။


ဒေသခံများက   ဝိုင်းဝန်းထိန်းသိမ်း


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့ရှောင်လမ်း   ၂  မိုင် ၄  ဖာလုံတွင် ၁  မိုင် ၄  ဖာလုံ    အပြီးသတ်    ကျောက်ခင်းခြင်းလုပ်ငန်း   ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ နမ့်ကျွတ် (ပန် ဖိန်း)-ပန်ကောက်- ရောင်ပန်ကျေးရွာချင်းဆက်လမ်း ၁၂ မိုင်တွင် ၅ မိုင် ၄ ဖာလုံ မြေသားလမ်း ဖောက်လုပ် ပြီးစီးမှုကိုလည်းကောင်း   ကြည့်ရှုစစ်ဆေးပြီး  လမ်း ရေရှည်    တည်တံ့စေရန်   ဒေသခံများက   ဝိုင်းဝန်း ထိန်းသိမ်းရေး၊     ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေး၊     လိုအပ်သော   နေရာများတွင် ရေထုတ်ပြွန်များ  ထပ်မံထည့်သွင်း ဆောင်ရွက်ရေး တို့ကို မှာကြားသည်။


ကြည့်ရှုစစ်ဆေး


    ပြည်ထောင်စုဝန်ကြီးသည်  ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင်  မိုင်းပျဉ်းမြို့  ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၎င်း ကျောင်းတိုက်ရှိ   ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းကျောင်း၌   ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးရေးနှင့်   လိုအပ်သည့်  ကိစ္စရပ်များ ဖြည့်ဆည်းပေးရေး စီမံဆောင်ရွက်ပေးသည်။ ယင်း နောက်  ပြည်ထောင်စုဝန်ကြီးသည် မိုင်းပျဉ်းမြို့နယ် ဟွေဟင် ၇ မိုင်ကျေးရွာမှ  သုဝဏ္ဏသျှံတောင်တော် အထိ မြေသားလမ်း ၁၃ မိုင် ၂ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ  ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးသည်။ 


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း  ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့်“၀”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း မက်မန်းမြို့နယ်အတွင်း   နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု အတွက် ခွင့်ပြုရန်ပုံငွေကျပ် ၄၅၅၁ သန်းဖြင့်   လည်းကောင်း၊   လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အမျိုးသမီး အိမ်တွင်းမှု       သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း သုံးကျောင်း၊    နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်း  နှစ်ကျောင်း တို့ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်