
နေပြည်တော် ဒီဇင်ဘာ ၂၁
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စု ဝန်ကြီးများသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အတူ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်း တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိ ကြရာ ကျောက်ဖြူခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၌ ကျောက်တစ်လုံး IDP စခန်း ဖွင့်လှစ်ထားရှိမှု၊ ပြောင်းရွှေ့ ဆောက်လုပ်မည့် အခြေအနေ တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြောင်းရွှေ့ နေရာချထားမည့် မြေနေရာကို သွားရောက် ကြည့်ရှုစစ်ဆေး၍ ဌာနဆိုင်ရာများ၏ တင်ပြချက်၊ စခန်းနေသူများ၏ လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ပြီး စခန်းနေသူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံသည်။
ထို့နောက် အမ်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း သို့ရောက်ရှိကာ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြားပြီး သင်တန်း ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းပြောကြား
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲရှောင်စခန်း နေပြည်သူများနှင့် အမ်းမြို့ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ တွေ့ဆုံပြီး လတ်တလော ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ယာယီခိုလှုံရာ စခန်း သုံးခု၊ စုရပ် လေးခုရှိ စုစုပေါင်းအိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃၁၉၈ ဦးတို့အတွက် တစ်လစာ ထောက်ပံ့ဆန် ၉၉၉ အိတ်ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပဲပဒုံ တိုက်ပွဲရှောင်စခန်းနေ ပြည်သူ များအား သွားရောက်တွေ့ဆုံပြီး မိမိနေရပ်သို့ အမြန်ဆုံး ပြန်လည် အခြေချနိုင်ရေးအတွက် လိုအပ် ချက်ရှိသည်များကို အကောင်းဆုံး ထောက်ပံ့ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြား သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် အမ်းမြို့နယ် အမ်း တောင်ကျေးရွာအုပ်စုရှိ တိုက်ပွဲ ရှောင်စခန်း တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် တောင်ကုတ်မြို့ ရှိ ရွှေမေတ္တာဘိုးဘွားရိပ်သာ နှင့် မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်း များသို့ရောက်ရှိပြီး အဘိုးအဘွား ၄၁ ဦးအတွက် လှူဒါန်းငွေများ၊ ကျောင်းသူ ကျောင်းသားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်ကပ် လှူဒါန်း
ထို့နောက် သံတွဲမြို့သို့ရောက် ရှိပြီး ရွှေဆံတော်စေတီရင်ပြင်ပေါ်၌ ဓမ္မာရုံသစ် တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဆရာတော် ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် သံတွဲမြို့ အမျိုး သမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တည် ဆောက်မည့် မြေနေရာကို ကြည့်ရှု စစ်ဆေးသည်။
ပေါင်းစပ်ဆွေးနွေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီနှင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီများ အနေဖြင့် ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးသည်။
၂၀၂၁ ခုနှစ် ဧပြီလမှ ယနေ့ အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်း သားအိမ်ထောင်စု ၃၈၅၈ စု၊ လူဦး ရေ ၁၆၇၁၇ ဦးတို့ကို မူလနေရပ် များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာ များအတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်