
နေပြည်တော် အောက်တိုဘာ ၈
နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကချင်ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း နှင့်အတူ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူး လမ်းပေါ်ရှိ ကဆန်ခချောင်းကူး ပေ ၅၉၀ အရှည်ရှိ မဂွေဇတံတားလုပ်ငန်း ခွင်သို့ ရောက်ရှိကာ တံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး မှုကို ကြည့်ရှုလေ့လာ၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မဂွေဇ-ခေါင်လန်ဖူးလမ်း (၀/၀) မိုင်တိုင်မှ ဆန်းလွတ်ချက် တောင်ထိပ် (၃၂/ ၁) မိုင်အထိ ဖောက်လုပ် ပြီးစီးခဲ့သည့် လမ်း၏ အခြေအနေ၊ ကျောက်ခင်းလမ်း ဆောင်ရွက် ထားရှိမှု၊ တံတား၊ Box Culvert များ ထည့်သွင်းဆောင်ရွက်ထားရှိ မှု၊ ထပ်မံလိုအပ်မည့် မြေထိန်း နံရံများ၊ ကျောက်စီရေမြောင်းများ ဆောင်ရွက်ရမည့် အခြေအနေနှင့် မိုးရာသီကာလ မြေပြိုကျမှုများ ကို အချိန်နှင့်တစ်ပြေးညီ စက်/ ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း ခြင်း၊ လမ်းဘေးဝဲယာ ချုံခုတ်ခြင်း၊ လမ်းပေါက်ဖာထေးခြင်း ပြုပြင် ထိန်းသိမ်းရန် လိုအပ်မည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များ မှာကြားခဲ့သည်။
တွေ့ဆုံအားပေး
ဆက်လက်၍ ဆန်းလွတ်ချက် တောင်ထိပ်သို့ ရောက်ရှိပြီး တောင်ထိပ်လမ်း Level နှိမ့်ချခြင်း၊ တောင်ကြားလမ်း ချဲ့ထွင်ခြင်း၊ View Point နေရာအတွက် စီမံ ဆောင်ရွက်နေသည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ခံအင်ဂျင်နီယာများ၊ ယာဉ်/ ယန္တရားမောင်း စစ်သည်များကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
အောက်တိုဘာ ၅ ရက် နံနက် ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဇီဝပ်ဒမ်ကြားစခန်း မှ ဆက်လက်ထွက်ခွာခဲ့ပြီး ဇီဝပ် ဒမ်ကြားစခန်းနှင့် ရီဒမ်းကြိုး တံတား (၄၃/၁) မိုင်အကြား လမ်းကြောင်းတစ်လျှောက် မော် တော်ယာဉ်/ခြေကျင်ဖြင့် အသေး စိတ် ကြည့်ရှုစစ်ဆေး၍ လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရ မည့် ကိစ္စရပ်များကို မှာကြားသည်။
လေ့လာကြည့်ရှု
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တံတားအထူးအဖွဲ့ (၁)မှ တည်ဆောက်လျက်ရှိသော မလိခ မြစ်ကူး ရီဒမ်းတံတား ပေ ၆၈၀ သို့ရောက်ရှိ လေ့လာကြည့်ရှု သည်။ ယင်းနောက် ရီဒမ်းတံတား နှင့် ခေါင်လန်ဖူးမြို့ (၆၅/၄) မိုင် အကြား လမ်းပိုင်းတွင် ဆောင်ရွက် လျက်ရှိသည့် လမ်းတာချဲ့ခြင်း လုပ်ငန်းများ၊ တံတားများ၊ Box Culvert များကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား၍ လမ်းဖောက်လုပ်ရေးအဖွဲ့များကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
ညနေပိုင်းတွင် ခေါင်လန်ဖူး မြို့သို့ ရောက်ရှိပြီး မြို့မိ/မြို့ဖများ၊ တာဝန်ရှိသူများနှင့်အတူ မြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၆ ရက် နံနက်ပိုင်း တွင် ခေါင်လန်ဖူးမြို့ခန်းမ၌ မြို့မိ မြို့ဖ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက် နေသည့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေခြင်း စီမံကိန်း အပါအဝင် ခေါင်လန်ဖူးမြို့နှင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများကို လည်း ကောင်း၊ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများက ပူးပေါင်းဆောင် ရွက်ရန်လိုအပ်သည့် ကိစ္စရပ် များကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ခေါင်လန် ဖူးမြို့နယ် အုပ်ချုပ်ရေးမှူး၏ ဒေသဆိုင်ရာ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပြီး ဒေသခံပြည်သူများ၊ ဌာနေပြည်သူ့ စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လမ်းဖောက်လုပ်ရေး အဖွဲ့များသို့ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
လိုအပ်ချက်များကို မှာကြား
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူး မြို့ ရေရရှိရေးစီမံကိန်းအတွက် ရေစုကန် တည်ဆောက်မည့် နေရာ၊ ရေဖြန့်ဝေသည့် ပိုက်လိုင်း သွယ်တန်းမည့် အခြေအနေ၊ အားကစားကွင်း အဆင့်မြှင့်တင် ခြင်း၊ ကားရပ်နားကွင်းနှင့် စျေး ဆိုင်ခန်းများ တည်ဆောက်ရေး၊ ကိစ္စရပ်များ၊ မြို့ကွက်သစ်တိုးချဲ့ နိုင်ရေးအတွက် မြေနေရာရရှိနိုင် မည့်အခြေအနေများကို အသေး စိတ် လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ခေါင်လန်ဖူး မြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး လမ်းပိုင်းတစ်လျှောက် ခရီးသွား လုပ်ငန်း အထောက်အကူပြု View Point ရှုခင်းသာနေရာများ၊ သဘာဝလိုဏ်ဂူနေရာနှင့် ခရီး သွား ဧည့်သည်များအတွက် တစ်ထောက်နားရပ် နေရာများ၊ စျေးဆိုင်ခန်းများ သတ်သတ် မှတ်မှတ် စနစ်တကျထားရှိနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် နောင်မွန်မြို့ ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ မြို့နယ်အုပ်ချုပ် ရေးမှူး၏ ဒေသဆိုင်ရာ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်