ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပထမအကြိမ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဒိုင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

 

နေပြည်တော် ဇူလိုင် ၁

ပထမအကြိမ် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး တံခွန် စိုက်ဒိုင်း၊ အမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲ ဖွင့်ပွဲ/ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ တွင် ကျင်းပသည်။

 

ကြည့်ရှုအားပေး

ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီး များ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင် များနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက် ကြည့်ရှုအားပေး ကြသည်။

 

အနိုင်ရရှိခဲ့

ရှေးဦးစွာ အမျိုးသား (၃)ယောက်တွဲ / အမျိုးသား (၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်းကို ( ၂ )ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသား(၂) ယောက်တွဲ ပိုက် ကျော်ခြင်း ဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့် လည်း ကောင်း အနိုင်ရရှိခဲ့သည်။

 

ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး နောက်ခံကစားသမားဆု၊ ပင့်ထောင် ဆု၊ ရိုက်ခုတ်ဆု၊ အကောင်းဆုံး အားကစားသမားဆုများ၊ တတိယ ဆုရရှိသော အကျဉ်းဦးစီးဌာန၊ အမျိုးသား(၂)ယောက်တွဲအသင်း တို့ကို တပ်ဖွဲ့/ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း၊ တတိယဆုရရှိ သော မီးသတ်ဦးစီးဌာန၊ အမျိုး သား (၃)ယောက်တွဲအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က လည်းကောင်း၊ ဒုတိယဆုရရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအမျိုးသား (၂)ယောက်တွဲအသင်းကို ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က လည်းကောင်း၊ ဒုတိယဆုရရှိသော အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမျိုးသား (၃)ယောက်တွဲအသင်း ကို ဒုတိယဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်(ရဲချုပ်)က လည်းကောင်း၊ အမျိုးသမီး (၂)ယောက်တွဲ ပိုက်ကျော်ခြင်း သရုပ်ပြ ယှဉ်ပြိုင်ကစားသည့် အမျိုးသမီး (၂)ယောက်တွဲ အသင်း ကို ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်နီလာစိန်က လည်းကောင်း၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပထမ တံခွန်စိုက်ဒိုင်းဆု ရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသား (၂) ယောက်တွဲအသင်း နှင့် ပထမတံခွန်စိုက်ဒိုင်းဆု ရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသား(၃) ယောက်တွဲအသင်း တို့ကို တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး (ဝဲပုံ) ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒိုင်ခုနစ်ဦးကို ဂုဏ်ပြုလက်ဆောင် များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်