
နေပြည်တော် ဇွန် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီးဌာန(အိုးဘို)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေး ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် (အိုးဘို)အကျဉ်း ထောင်ရှိ သံကူကွန်ကရစ် ၃ ထပ် အိပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး အဆောက်အဦအား သတ်မှတ်ပုံစံ၊ သတ်မှတ် အရည်အသွေးများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီး အောင် တည်ဆောက်ရေး၊ အဆောက်အဦ စံချိန်စံညွှန်းများ သတ်မှတ်ချက်များနှင့် ကိုက်ညီ ရေး အင်ဂျင်နီယာများ ဦးဆောင် သည့် စစ်ဆေးရေးအဖွဲ့ဖြင့် လုပ်ငန်းအဆင့်လိုက် အစစ်ဆေးခံ နိုင်ရေး၊ တည်ဆောက်ရေး ကာလ အတွင်း ဌာနမှ ဆောင်ရွက်ပေးရန် ရှိသည့် လိုအပ်ချက်များကို တင်ပြ ရေးတို့ကို မှာကြားကာ ယခင် စစ်ဆေး ညွှန်ကြားထားရှိမှုများ အပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီး မှုကို လုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
လိုက်နာဆောင်ရွက်
ယင်းနောက် အကျဉ်းသား များထားရှိရာ အဆောင်သစ်အား ကြည့်ရှုပြီး အခန်းလိုက် အကျဉ်း သား၊ အကျဉ်းသူများ နေရာချထား မှု၊ ရေလုံလောက်စွာအသုံးပြုနိုင်မှု၊ အကျဉ်းဦးစီးဌာန၏ နေ့အလိုက် ကျွေးမွေးမှု၊ အကျဉ်းထောင်သို့ အကျဉ်းသား(အသစ်)များ ရောက် ရှိလာပါက Quarantine ထားရှိ သည့် နေရာတို့ကို စစ်ဆေးပြီး လက်ရှိနိုင်ငံအသီးသီး၏ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွား ကူးစက်လာမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွား ကူးစက်နေသည့် အခြေအနေများနှင့် အကျဉ်းဦးစီး ဌာန တပ်ဖွဲ့ဝင်မိသားစုများ၊ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များကို အလေးအနက်ထား လိုက်နာ ဆောင်ရွက် ကြပ်မတ်နိုင်ရေးတို့ကို မှာကြားသည်။
လုံခြုံရေး အထူးကြပ်မတ်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော်အဝင် (စီ) လမ်းဆုံနေရာရှိ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှုနှင့် လုံခြုံ ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး နေပြည်တော် ကောင်စီ မှ သတ်မှတ်ညွှန်ကြားထားရှိသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန် ကြားချက်များကို အလေးထား လိုက်နာရေး၊ အခြားသောမြို့နှင့် ဒေသအသီးသီးမှ ဝင်ရောက်လာ သော ခရီးသွား ပြည်သူလူထုများ ကို သက်ဆိုင်ရာဝန်ကြီးဌာနက ချမှတ် အသိပေးထားရှိသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များကို အသိပေးခြင်း၊ ရှင်းလင်းပြောကြားခြင်းများကို ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးရေး၊ လတ်တလော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှု ပြန်လည်မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရမည့် ဝန်ထမ်း များ၊ လုံခြုံရေး အဖွဲ့အစည်းများ အနေဖြင့် ပေါ့ဆစွာ သဘော မထားဘဲ မိမိတို့ကိုယ်တိုင် တိတိ ကျကျ လိုက်နာကျင့်သုံးရေးနှင့် လုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်