ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

 

နေပြည်တော်   ဇွန်   ၂၄


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင်  ဝန်ကြီးဌာန   နီလာအစည်း အဝေးခန်းမ၌ အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှ Hybrid စနစ်ဖြင့် ဦးဆောင်ကျင်းပသော နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း      ကျွမ်းကျင်ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ  အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ (Tourism Professional Certification Board-TPCB) ဆိုင်ရာ ​ဒေသတွင်း    အလုပ်ရုံဆွေးနွေးပွဲသို့  တက်ရောက်သည်။

 


ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ  NTPB နှင့်  TPCB အဖွဲ့ဝင်ဖြစ်သော      ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း        အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  အပြည်ပြည်ဆိုင်ရာ   အလုပ် သမား   အဖွဲ့ချုပ်၊   အရှေ့တောင်အာရှဒေသတွင်း သင်ကြားရေးစင်တာများ        ဖွင့်လှစ်ရေးဆိုင်ရာ ပညာရေး ဝန်ကြီးများအဖွဲ့၊ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့မှ Speaker များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ NTPB နှင့် TPCB အဖွဲ့ဝင်များနှင့် အာဆီယံခရီးသွားလုပ်ငန်း     အာဏာပိုင်အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။  

 


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်းပေါင်းစည်းရေးကို အရှိန်အဟုန်မြှင့်တင်ရန်ဆောင်ရွက်ရာ၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်   အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြု မှု    အကောင်အထည်ဖော်ရေးဆိုင်ရာ   ဒေသတွင်း အတွင်းရေးမှူးရုံးတို့အနေဖြင့်   ခရီးသွားလုပ်ငန်း ကျွမ်းကျင်အလုပ်သမားများနှင့်  ခရီးသွားလုပ်ငန်း လုပ်ကိုင်  ဆောင်ရွက်နေသူများအတွက်  အာဆီယံ ခရီးသွားလုပ်ငန်း  အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်ကို  အကောင်အထည်ဖော်ဆောင်ရာတွင် တွန်းအားပေး     မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ASEAN  Master  Trainer  နှင့်  ASEAN  Master Assessor   များ   စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အာဆီယံ-သြစတြေးလျဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု   အစီအစဉ်အောက်တွင်   Freelance Professionals  များအတွက်   ဆရာဖြစ်သင်တန်း အစီအစဉ်များ ပံ့ပိုးပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပါဝင်ဆွေးနွေးပြောကြားသည်။ 

 

   
ယင်းနောက်    အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ  အပြန်အလှန်အသိအမှတ်ပြု ရေး အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရာ၌ လိုအပ်သည့် အခြေခံအရင်းအမြစ်များ တည်ဆောက် မှုများ၊ NTPB နှင့် TPCB များ၏ အခန်းကဏ္ဍ၊ စိန်ခေါ် မှုများ၊ အခွင့်အလမ်းများနှင့်  ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စနှင့်   ခရီးသွားလုပ်ငန်း၏   အနာဂတ် လုပ်ငန်းစဉ်များကို        အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊     ပုဂ္ဂလိက      ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ဆွေးနွေးကြသည်။       ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ NTPB နှင့် TPCB ကိုယ်စားလှယ်များက နိုင်ငံအလိုက် NTPB နှင့် TPCB အဖွဲ့များဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေများ၊  အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်မှုစံနှုန်းများကို       အခြေခံသည့် National Trainers နှင့် Assessors သင်တန်းများ ပို့ချပေးနေမှုများ၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေး နေမှု အခြေအနေများ၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက်  ကျွမ်းကျင်မှုစံနှုန်း နှင့် အာဆီယံခရီးသွားလုပ်ငန်းဘုံသင်ရိုးညွှန်းတမ်း  အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ အတွေ့အကြုံ ကောင်းများကို   ရင်းနှီးပွင့်လင်းစွာ  အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။

 


အဆိုပါ       ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါင်းစည်းမှုကို အထောက်အကူဖြစ်စေသည့်   အာဆီယံခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိ အမှတ်ပြုရေးအစီအစဉ်     အကောင်အထည်ဖော် ဆောင်မှုတွင်   NTPB  နှင့်   TPCB  အ​ဖွဲ့များ၏ အတွေ့အကြုံကောင်းများ  မျှဝေနိုင်ရန်နှင့်  ဆွေးနွေး နိုင်ရန်  ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း  သိရသည်။


သတင်းစဉ်