နေပြည်တော် နိုဝင်ဘာ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဦးစီးမှူးရုံး သိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး အိမ်ထောင်စု ၁၀၀၀ စာ သိုလှောင်ထားရှိမှုကို ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သိုလှောင်ရုံထိန်းသိမ်းရေးလက်စွဲအတိုင်း စနစ်တကျစာရင်းထားရှိ ဆောင်ရွက်ရန်နှင့် Inventory Management Software ကို လက်တွေ့အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ရုံးဝင်းအတွင်းရှိ ခြောက်ခန်းတွဲသုံးထပ် ဝန်ထမ်း အိမ်ရာနှင့် ပြည်နယ်ဦးစီးမှူးရုံး တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ ပြီး Quick Win Project များ အပါအဝင် ဌာနမှဆောင်ရွက်လျက် ရှိသော ဝန်ဆောင်မှုလုပ်ငန်း များ ထိရောက်အောင်မြင်စေရေး မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ဆောင်ရွက်ရ မည်ဖြစ်သည့်အပြင် မိမိတို့ ၏ လုပ်ဆောင်ချက်များကိုလည်း အများပြည်သူ သိရှိနိုင်ရေး အစီရင်ခံရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေး ရသော လုပ်ငန်းများဆောင်ရွက် ရသည့်အတွက် လိုအပ်သော ကျွမ်းကျင်မှုများရှိရန် လိုအပ် ကြောင်းနှင့် ပြည်သူလူထုအတွက် အမြဲအဆင်သင့် ဖြစ်စေလို ကြောင်း၊ ဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ရေးကိစ္စရပ် များအား အလေးထားဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြား၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင် ဦးစီးမှူးရုံး နှင့် မြေနေရာကို ကြည့်ရှုကာ ရုံး၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြား သည်။
ဆက်လက်၍ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံး လက် အောက်ရှိ မူလတန်းကြိုကျောင်း အမှတ်(၁)ဘားအံသို့ သွားရောက် ပြီး မူကြိုအရွယ် ကလေးငယ်များ ကို ဘက်စုံဖွံ့ဖြိုးမှုရရှိရေးအတွက် ပြုစုပျိုးထောင်ပေးနေမှုကို ကြည့်ရှု စစ်ဆေးကာ အဆိုပါမူလတန်း ကြိုကျောင်းတွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသော ရှေးဦး အရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်း သို့ တက်ရောက်နေသော ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိက မူလတန်းကြို ကျောင်းများမှ ဆရာမများကို နှုတ်ဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဘားအံမြို့ အမှတ် (၉)ရပ်ကွက်ရှိ မူလတန်းကြို ကျောင်း အမှတ် (၂) ဘားအံသို့ ရောက်ရှိပြီး ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်း ဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဖွံ့ဖြိုးမှုရရှိစေရန် ပြုစုပျိုးထောင် ပေးနေမှု၊ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များကို မှာကြား သည်။
ထို့နောက် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကရင် ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့မှ အရာ ထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံ ခဲ့ပြီး ပြည်နယ်အတွင်းရှိဌာန သုံးခုမှ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



