
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၂၂
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော် ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံဆွေးနွေးရာ၌ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အစောပိုင်း ခက်ခဲသည့် ကာလများတွင် ကမ္ဘောဒီးယား နိုင်ငံမှ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ Rapid Antigen Test Kit များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်း များ လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံသို့ အာဆီယံ AHA Center မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး ပထမအဆင့်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နှင့် အောင်မြင်စွာ ပူးပေါင်း အကောင်အထည် ဖော်ဆောင်နိုင် ခဲ့သည့် အခြေအနေများ၊ ယခုအခါ လူသားချင်းစာနာမှု အကူအညီ များ ပေးအပ်ရေး ဒုတိယအဆင့် အတွက် ပူးတွဲလေ့လာဆန်းစစ် ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စနစ် တကျ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိပါး သည့် လူသားချင်းစာနာမှု အကူအညီများကို လက်ခံသွား မည့်အစီအစဉ်များ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ သွားမည့် ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားခဲ့ကြသည်။
တွေ့ဆုံ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်