ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံ


 

 

နေပြည်တော် ဇန်နဝါရီ  ၃ 
ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်းသည်   ယနေ့မွန်းလွဲပိုင်းတွင်  ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ကျန်းမာရေးဝန်ကြီးဌာန Covid-19 Central Command Centre အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ်            ပြည်ထောင်စုဝန်ကြီးက   ဆေးတက္ကသိုလ်များနှင့်         သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏     နောက်ဆုံးနှစ်    အမ်ဘီဘီ အက်စ်အပိုင်း(ခ)(၆/၂၀၁၈)နှင့်   နောက်ဆုံးနှစ် ဘီဒီ အက်စ် (၁/၂၀၁၉) (နောက်ဆက်တွဲ)သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး             အောင်မြင်သူများအား အလုပ်သင်ဆရာဝန်အဖြစ်              တာဝန်ချထားပြီး ဖြစ်ပါကြောင်း၊ ဒုတိယနှစ် အမ်ဘီဘီအက်စ်(၁/၂၀၁၉)၊ တတိယနှစ်   အမ်ဘီဘီအက်စ်   (၆/၂၀၁၉) နှင့် နောက်ဆုံးနှစ် အမ်ဘီဘီအက်စ်အပိုင်း(က)(၆/၂၀၁၉)(နောက်ဆက်တွဲ) သင်တန်းများကို  ပြန်လည်ဖွင့်လှစ် ခဲ့ပြီး စာမေးပွဲများစစ်ဆေးရန်  စီစဉ်ထားပါကြောင်း။
ဆက်လက်၍   ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်များကို  စဉ်ဆက်လေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များနှင့်  ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ နောက်ဆုံးနှစ်(ဘွဲ့ကြို)သင်တန်း များအားလုံးကိုလည်း  ဇန်နဝါရီ ၆ ရက်တွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ် များ   ပြန်လည်ဖွင့်လှစ်ရာတွင်  အဆင်ပြေချောမွေ့ စေရေးအတွက် ပါမောက္ခချုပ်များနှင့် ညှိနှိုင်းဆွေးနွေး လိုပါ၍  အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊  နောက်ဆုံးနှစ်သင်တန်းများ   ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း  နိုင်ငံပိုင်သတင်းစာများနှင့်    မြန်မာ့ ရုပ်မြင်သံကြားနှင့်  မြဝတီရုပ်မြင်သံကြားတို့တွင် ကြေညာထားပြီးဖြစ်ပြီး    မိမိတို့    ကျောင်းသား ကျောင်းသူများ ပိုမိုသိရှိစေရန်အတွက်   ကျောင်းသား လက်ခံမှုနှင့် ပတ်သက်၍   သက်ဆိုင်ရာ  တက္ကသိုလ် အလိုက်ထပ်ဆင့်ကြေညာပေးရန် လိုအပ်ပါကြောင်း၊  ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနအောက် ရှိ   တက္ကသိုလ်များလည်း   ဇန်နဝါရီ ၆   ရက်တွင်  ပြန်လည်ဖွင့်လှစ်မည်   ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေး  မထိုးနှံရသေးသည့်  ကျောင်းသား ကျောင်းသူများအား   ကျောင်းလာရောက်အပ်နှံချိန် တွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တက္ကသိုလ် အလိုက် သက်ဆိုင်ရာမြို့နယ် ကုသရေး/ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ညှိနှိုင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ နောက်ဆုံးနှစ်သင်တန်းများ သည်  ဆေးလက်တွေ့သင်ကြားရေးကိစ္စများ   ပါဝင် နေသည့်အတွက် ကျောင်းသား ကျောင်းသူများနေထိုင် ရေး၊ စာသင်ခန်းများကောင်းမွန်စွာ  ပြင်ဆင်ထား ရှိရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင်  အစစအရာရာ အဆင်ပြေချောမွေ့စေရေးအတွက်   သက်ဆိုင်ရာ သင်ကြားရေးဆေးရုံကြီးများ၏ ဆေးရုံအုပ်ကြီးများ နှင့် ညှိနှိုင်းပေးရန် လိုအပ်ပါကြောင်း။
ကျောင်းသား ကျောင်းသူများ၏  စာသင်ကြားလို မှု၊  ကျောင်းတက်ရောက်လိုမှုများကို  တက္ကသိုလ်နှင့် ဆေးရုံများရှိ   သင်ကြားရေးဆရာ    ဆရာမများက ဝိုင်းဝန်းပံ့ပိုးကူညီပေးစေလိုကြောင်း၊ အမြင်ကျယ်ကျယ်  သတိရှိရှိ သင်တန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊    ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း    နောက်ဆုံးနှစ် သင်တန်းတက်ရောက်       အောင်မြင်ပြီးဆုံးပါက မကြာမီအချိန်တွင် ဆရာဝန်ပညာရပ်ဖြင့်  အသက် မွေးဝမ်း‌ကျောင်းပြုနိုင်မည်ဖြစ်ကာ    နိုင်ငံတော် အကျိုး၊ မိဘပြည်သူများအကျိုးကို  သယ်ပိုးနိုင်မည် ဖြစ်သဖြင့် သင်တန်းပြီးဆုံးအောင် မပျက်မကွက် တက်ရောက်ကြရန်          တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။    
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်က  နောက်ဆုံးနှစ် (ဘွဲ့ကြို)သင်တန်းများ အဆင်ပြေချောမွေ့စွာပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားသည့် ကိစ္စ၊   လုံခြုံရေးဆိုင်ရာ၊   သင်ကြားရေးဆိုင်ရာကိစ္စ နှင့်    ဆရာအင်အားခန့်ထားရေးဆိုင်ရာ    ကိစ္စနှင့် ဆက်လက်ဆောင်ရွက်ရမည့်             ကိစ္စရပ်များကို ပြောကြားခဲ့ပြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်က   သင်တန်းများ    ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်မည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 
ဆက်လက်၍ ဆေးတက္ကသိုလ်များ၊ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များ၊   ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊  ဆေးဝါးတက္ကသိုလ်များ၊    ဆေးဘက် ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊         သူနာပြု တက္ကသိုလ်များနှင့်        အခြေခံကျန်းမာရေး တက္ကသိုလ်၊  မကွေးနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များက ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့်လိုအပ်ချက်များကို  တင်ပြဆွေးနွေးရာ   တက်ရောက်လာ ကြသူများက အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။ 
သတင်းစဉ်