
နေပြည်တော် ဇွန် ၂၃
စီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင် ရေးဆောင်ရွက်နိုင်မှုနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့ တင်ပို့နိုင်ရေး ဆွေးနွေးပွဲ (ပထမနေ့)ကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ပြောကြား
ဆွေးနွေးပွဲ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မကြာမီကာလတွင် တာဝန်ပြီးဆုံးတော့ မည့် စီးပွားရေးသံမှူးများနေရာတွင် စီးပွားရေးသံမှူး အသစ်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စီးပွားရေးသံမှူး အသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေများအပေါ် အခြေခံ၍ ကောင်းမွန်သည့် အကြံပြုချက်များကိုလည်း တင်ပြပေးစေလိုပါကြောင်း၊ စီးပွားရေးသံမှူးများ အနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရာ နိုင်ငံများတွင် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေများနှင့် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြား ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပို့ကုန်များအား G to G စနစ်ဖြင့် တင်ပို့နိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်သည့်အပြင် မိမိနိုင်ငံထွက်ကုန်များကို ဝယ်ယူမည့် နိုင်ငံများ၏ စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်များ၊ လိုအပ်ချက်များကို လေ့လာ တင်ပြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
လိုအပ်သည်များ မှာကြား
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ကိုရီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ(နန်နင်းမြို့၊ ဟောင်ကောင်မြို့၊ ကူမင်း မြို့)၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံတို့တွင် တာဝန်ထမ်းဆောင်နေသည့် စီးပွားရေး သံမှူးများက လုပ်ငန်းကဏ္ဍအလိုက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်