ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နီပေါနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၀
 
 
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နီပေါ နိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Mr.Kishor Shrestha နှင့် အဖွဲ့ဝင်များအား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
 
 
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Mr.Kishor Shrestha က နီပေါနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မီဒီယာလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
 
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နီပေါနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌတို့သည် လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
 
 
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင် နှင့် အဖွဲ့ဝင်များ၊ နီပေါနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
 
 
သတင်းစဉ်