
ရန်ကုန် ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ် များ ဗဟိုစာကြည့်တိုက်၊ ရုက္ခဗေဒ ဌာနနှင့် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဗဟိုဌာနတို့တွင် ကျင်းပ လျက်ရှိသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ (၂၁) ကြိမ် မြောက် သုတေသနညီလာခံ စာတမ်းဖတ်ပွဲများကို လှည့်လှည် ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက် ဥပဓိရုပ်ကောင်းမွန်ရေး၊ ပေစာ၊ ပုရပိုက်များ ကြာရှည်ခံအောင် ထိန်းသိမ်းရန်အတွက် Scanner စက်ပစ္စည်းများ ဖြည့်ဆည်းရေး၊ ပရိဘောဂများ ဖြည့်ဆည်းရေး၊ ဒစ်ဂျစ်တယ်စာကြည့်တိုက် အဆင့် မြှင့်တင်ရေးတို့အတွက် လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတို့ တွင် ကျင်းပလျက်ရှိသည့် မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ (၂၁) ကြိမ်မြောက် သုတေသန ညီလာခံစာတမ်းဖတ်ပွဲတွင် စာတမ်း ရှင်များ သုတေသနစာတမ်း ဖတ်ကြား ဆွေးနွေးနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတွင် ဖွင့်လှစ်ထားသော ရန်ကုန် တက္ကသိုလ် ငါးလုပ်ငန်းပညာဌာန နှင့် ပတ်ဝန်းကျင်ရေပညာဌာန တို့ရှိ သုတေသနညီလာခံခန်းမ များ၊ သုတေသနဆွေးနွေးပွဲခန်းမ ငယ်များ၊ သုတေသနဓာတ်ခွဲခန်း များနှင့် စာသင်ခန်းများကို လှည့် လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်