နေပြည်တော် ဖေဖော်ဝါရီ ၁၅
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာ ရေး ဒီဂရီကောလိပ် ကျောင်းအုပ် ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပါမောက္ခချုပ်များ၊ ကျောင်း အုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် အစည်းအဝေး၊ အခမ်း အနား အတော်များများတွင် ပညာ ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိသည် များကို လမ်းညွှန်မှာကြားလျက် ရှိရာ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် တက္ကသိုလ် ကောလိပ် အကြီးအကဲများ၊ ပညာရေးမှူးကြီးများ အနေဖြင့် အဆိုပါ လမ်းညွှန်မှာကြားချက် များကို နေ့စဉ်ထုတ် သတင်းစာ များ ဖတ်ရှုခြင်းဖြင့် မျက်ခြည် မပြတ် လေ့လာသိရှိထားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်က ရှေ့ကာလများတွင် ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကို ဦးစားပေး ဆောင် ရွက်မည်ဟု ဦးတည်ချက်ချမှတ် ထားရာ ပညာရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့ တိုင်းဒေသ ကြီး/ ပြည်နယ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို တင်ပြရန်နှင့် ပညာရေး ဝန်ကြီးဌာနက ဆောင်ရွက်သင့် သော လုပ်ငန်းစဉ်များကို အကြံပြု ချက် ပေးပို့ကြစေလိုပါကြောင်း။
လာမည့် မတ် ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင် ကျင်းပမည်ဖြစ်၍ ပါမောက္ခချုပ် များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာ ရေးမှူးများက တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်း အောင်မြင်ရေး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်စေ လိုပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တက္ကသိုလ် ကောလိပ်များမှ အင်ဂျင်နီယာများဖြင့် ဆောက် လုပ်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း ထားပြီးဖြစ်ရာ တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေး စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာသင်ကာလ တစ်နှစ်အတွင်း ပညာတော်သင်များ ရွေးချယ် စေလွှတ်နိုင်ရေး အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ စိတ်ဝင်စားသူ ဆရာ ဆရာမ အားလုံးအား အင်္ဂလိပ်စာ စာမေးပွဲနှင့် သက်ဆိုင် ရာ ဘာသာရပ်စာမေးပွဲကို ကြိုတင် စစ်ဆေးကာ ရရှိသောအမှတ် အဆင့်အလိုက် တန်းစီဇယား ထုတ်ပြန် ကြေညာထားမည်ဖြစ် ပြီး အလှည့်ကျ ပညာတော်သင်ဆု လျှောက်ထားခွင့်ပြုမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပညာရေး ဝန်ကြီးဌာနသို့ မှတ်ပုံမတင်ဘဲ ဖွင့်လှစ်သင်ကြားနေသည့် ကိုယ်ပိုင် ကျောင်းများကို စစ်ဆေးကြီးကြပ်
ကြရမည်ဖြစ်ပါကြောင်း၊ ပညာ သင်နှစ်တစ်နှစ် အောင်မြင်အောင် စီမံဆောင်ရွက် ပေးကြသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။ ယင်း နောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက အထက်အောက် အပြန်အလှန် လေးစားတန်ဖိုး ထား၍ တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့် ပညာရေးဖွံ့ဖြိုး တိုးတက် အောင် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းတို့က ပညာရေးလုပ်ငန်း စဉ် အကောင်ထည်ဖော်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



