
နေပြည်တော် ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာသွင်၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ပြင်ဦးလွင်မြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံ ပညာ အထက်တန်းကျောင်းခွဲ (အလက-၁) နှင့် စာပန်းအိမ် ကိုယ်ပိုင်ကျောင်းများသို့ သွား ရောက်၍ ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှု ကို လှည့်လည်ကြည့်ရှု၍ အားပေး စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် စာသင်ခန်း၊ စာသင် ဆောင်များ၊ သင်ကြားသင်ယူနေ မှုများ၊ ကျောင်းစာကြည့်တိုက်များ နှင့် ကျောင်းဝင်းအတွင်း ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုများ၊ ကျောင်း ဆောင်သစ် ဆောက်လုပ်ပြီးမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းရှိ ကျောင်းခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး သည် အဓိကကျကြောင်း၊ ကျောင်း သား ကျောင်းသူများ အမှန်တကယ် ပညာ တတ်မြောက်ရေးသည် အလွန်ပင် အရေးကြီးကြောင်း၊ နိုင်ငံအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပြုစုပျိုး ထောင် မွေးထုတ်ပေးရေးအတွက် ပညာရေးကဏ္ဍ အသီးသီးတွင် တာဝန် ယူဆောင် ရွက်နေကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမ များနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းကြမှသာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းရောက်ရှိရေး အတွက် စည်းရုံး ဆောင်ရွက်ကြရန်နှင့် အနိမ့်ဆုံး KG+9 (အခြေခံပညာ အလယ်တန်းအဆင့်)ပြီးမြောက် စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြစေလိုကြောင်း၊ အခြေခံ ပညာ အလယ်တန်းအဆင့် အောင်မြင် ပြီးမြောက်သူများ အတွက် ခရိုင်အလိုက် ဖွင့်လှစ် ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း များတွင် မိမိတို့ စိတ်ပါဝင်စားရာ ဘာသာရပ်အလိုက် တက်ရောက် သင်ယူနိုင်ကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း များနှင့်ပတ်သက်၍ အလယ်တန်း အဆင့် ကျောင်းသားများကို ရှင်းလင်းပြောကြားပေးရန် လိုအပ် ပါကြောင်း။
နိုင်ငံတော်အတွက် အရည် အချင်းပြည့်ဝသော ပညာတတ် လူတော်လူကောင်းများ ပြုစု ပျိုးထောင် မွေးထုတ်ပေးစေလို ကြောင်း၊ ပညာတတ်၍ နိုင်ငံချစ် စိတ်၊ မျိုးချစ်စိတ်ရှိသော ကျောင်း သား ကျောင်းသူများဖြစ်ပါမှ နိုင်ငံ တော်က အားထားရသူများဖြစ် လာမည်ဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ သည့် ကျောင်းအုပ်ကြီးများ၏ တင်ပြလာမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်ပေးသည်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၅ ရက်အထိ အခြေခံ ပညာကျောင်းသား ကျောင်းသူ ၆၇၉၂၃၆၂ ဦး လာရောက်အပ်နှံ ပြီးစီးခဲ့ပြီး ကျန်ရှိသည့်ကျောင်း သား ကျောင်းသူများလည်း သက်ဆိုင်ရာ ကျောင်းများသို့ လာရောက်ကျောင်းအပ်နှံလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်