
ရန်ကုန် ဇွန် ၇
ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မအူပင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းများ သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့် လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
ထူးချွန်စေရန်ကြိုးစားသင်ယူ
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စု ဝန်ကြီးက ကျောင်းသား ကျောင်း သူများအနေဖြင့် ပညာသင်ကြားရ မည့်အရွယ်တွင် ပညာကို အမြဲ မပြတ် ကြိုးစားသင်ယူကြရန်နှင့် မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် စာသင် နှစ်စကတည်းက ပညာကိုကြိုစား သင်ယူကြစေလိုကြောင်း၊ မိမိတို့ သင်ယူနေသည့် ဘာသာရပ်များကို တန်ဖိုးထားပြီး ထူးချွန်စေရန် ကြိုးစားသင်ယူ လေ့လာကြစေလို ကြောင်း ပြောကြားပြီး ကျောင်းဝင်း အတွင်းရှိ စာသင်ခန်းများ၊ စာသင် ဆောင်များ ဥပဓိရုပ်ကောင်းမွန် ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်း နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာရေး ဆောင်ရွက်ထားရှိမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင် တက္ကသိုလ်သို့ ရောက်ရှိပြီး မိုးလုံလေလုံ အားကစားခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ဆရာ ဆရာမများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဆရာ ဆရာမများအနေ ဖြင့် ကျောင်းသား ကျောင်းသူ များအား စေတနာအပြည့်အဝ ဖြင့် အမှန်တကယ် ကျွမ်းကျင် တတ်မြောက်သူများ ဖြစ်အောင် သင်ကြားပို့ချ ပေးကြစေလိုပါ ကြောင်း၊ ကျောင်းသား ကျောင်းသူ များကို သင်ကြားရာတွင် မိမိတို့၏ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု များသာမက ဆက်စပ်ဘာသာရပ် များကိုပါ ကျွမ်းကျင်မှုရှိစေရန် အတွက် စာကြည့်တိုက်များကို အသုံးပြု၍ စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာနေကြ ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် စဉ်ဆက်မပြတ် လေ့လာနေမှသာလျှင် ကိုယ်ရည် ကိုယ်သွေးမြင့်မားလာပြီး မိမိတို့ ၏တပည့်များကို မိမိတို့ထက် ပိုမိုထူးချွန်ကာ အရည်အချင်းရှိ သော ကျောင်းသား ကျောင်းသူ များကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်းပြောကြားပြီး ဌာန အလိုက် ဆရာ ဆရာမများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ညောင်တုန်းခရိုင် ဆားမလောက်ကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်း သူများ အေးချမ်းစွာ တက်ရောက် ပညာ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး အားပေး စကားပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီးရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန် ရေး၊ တက္ကသိုလ်ပရဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာရေး ဆောင်ရွက်ထား မှုများကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများနှင့်တွေ့ဆုံ၍ လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်