ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၂ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးတို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၉)အခြေခံပညာ မူလတန်းလွန်ကျောင်း(ရဲဒိကျေးရွာ)နှင့် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုများကို လှည့်လည် ကြည့်ရှုသည်။ ကျောင်းစာကြည့်တိုက်များ ဖြည့်ဆည်းပေး ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်း ဥပဓိရုပ် ကောင်းမွန်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ စာဖတ် အလေ့အကျင့်ကောင်း များ ပြုစုပျိုးထောင်ရန် ပြည့်စုံ ကောင်းမွန်သော ကျောင်း စာကြည့်တိုက်များ ဖြည့်ဆည်း ပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာကြည့် တိုက် ဖွင့်ချိန်နှင့် စာကြည့်တိုက် တာဝန်ခံ ဆရာ ဆရာမများ သတ်မှတ်ထားရှိဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်း စာကြည့်တိုက်အတွက် လိုအပ် သော စာအုပ်စင်၊ စာအုပ်ဗီရိုများ၊ ရွှေသွေးဂျာနယ်၊ မိုးသောက်ပန်း ကဲ့သို့သော ကျောင်းသား ကျောင်းသူများ ကြိုက်နှစ်သက် သည့် သုတ၊ ရသစာအုပ်စာစောင် များ ဖြည့်ဆည်းပေးရမည်ဖြစ်ပါ ကြောင်း၊ စာသင်ခုံများ သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်ကြရန် နှင့် ကျောင်းသားလူငယ်များ ကိုယ်တိုင် မိမိစာသင်ခုံသပ်ရပ် ရေးအတွက် တာဝန်ယူမှု အလေ့ အကျင့်ကောင်းများ ပြုစု ပျိုးထောင်ပေးရန်ဖြစ်ပါကြောင်း၊ စာသင်ဆောင်၊ စာသင်ခန်းများ၊ မျက်နှာကြက်များ၊ အန္တရာယ်ရှိ လျှပ်စစ်ကြိုးများ၊ မီးဘုတ်ခုံများ ပြင်ဆင် မွမ်းမံထားကြရမည် ဖြစ်ပါကြောင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ် ထားသော ကျောင်းဆောင်များ ကို ဆက်လက် အသုံးမပြုဘဲ ဖျက်သိမ်းရမည် ဖြစ်ပါကြောင်း၊ ကျောင်းအတွက် လိုအပ်သော စာသင်ဆောင်၊ သိပ္ပံခန်းသုံး လက်တွေ့ပစ္စည်းများနှင့် ဆရာ ဆရာမ ဝန်ထမ်းအိမ်ရာများ၊ သန့်စင်ခန်းများ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း။ ပူးပေါင်းဆောင်ရွက် ဆရာ ဆရာမများအနေဖြင့် အရည်အသွေးရှိသော ပညာရေး စနစ် အကောင်အထည်ဖော်နိုင် ရေးအတွက် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာ စောင့်ထိန်းကာ ပူးပေါင်းဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြား ရေး အရည်အသွေးမြင့်မားရေး အတွက် အရည်အသွေးမြှင့်တင် ရေး မွမ်းမံသင်တန်းများကို မတ် ၁၇ ရက်တွင် သက်ဆိုင်ရာမြို့နယ် အလိုက် ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဘီအီးဒီ ပညာရေးဘွဲ့ သင်တန်းများကို သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသော ဆရာ ဆရာမများက နီးစပ်ရာ ပညာရေးဒီဂရီကောလိပ် များတွင် တက်ရောက် သင်ယူနိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နေပြည်တော်ရှိ ဆရာ ဆရာမများအနေဖြင့် ဘီအီးဒီ ပညာရေးဘွဲ့ သင်တန်းများကို နီးစပ်ရာ တောင်ငူပညာရေး ဒီဂရီ ကောလိပ်၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်များတွင် သင်ကြား သင်ယူနိုင်ပါက ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင် ရေးအတွက် သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ပြင်ဆင်ဆောင်ရွက် မှုများကို သတ်မှတ်ကာလအတွင်း ထိရောက်မြန်ဆန်စွာပြီးစီးနိုင်ရေးအတွက် ဆက်လက်ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုပါ ကြောင်း မှာကြားသည်။ လှည့်လည်ကြည့်ရှု ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်