ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်   မတ်   ၉


ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး    ဒေါက်တာညွန့်ဖေ သည်   ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သက်ဆိုင်ရာ    တာဝန်ရှိသူများ နှင့်အတူ         ယနေ့နံနက်ပိုင်း တွင်   ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက် ရွာ အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနသို့ သွားရောက် ၍   ကျောင်းသား  ကျောင်းသူ တက္ကသိုလ်ဝင်         စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာ ရပ်   အေးချမ်းစွာ  ဖြေဆိုနေမှု များကို    လှည့်လည်ကြည့်ရှု အားပေးကာ   လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

 


ထို့အတူ     ပြည်ထောင်စု ဝန်ကြီးနှင့်   ဧရာဝတီတိုင်းဒေသ ကြီး       ဝန်ကြီးချုပ်တို့သည် ကျောင်းကုန်းမြို့နယ်ရှိ  ကွင်းကြီး ကျေးရွာ  အခြေခံပညာအလယ် တန်းကျောင်းနှင့်    ပန်းတနော် မြို့နယ်  အကယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များသို့  သွားရောက်ကြည့်ရှု စစ်ဆေးကာ  လိုအပ်သည်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


တက္ကသိုလ်ဝင်    စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အား   မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ငါးခု စာစစ် ဌာန   စုစုပေါင်း   ၈၆၃  ခုတွင် စာမေးပွဲဖြေဆိုရန်    စုစုပေါင်း ၁၇၉၈၄၃ ဦး စာရင်းပေးသွင်းကြ ပြီး   ၁၆၁၆၈၁  ဦး  ဝင်ရောက် ဖြေဆိုကြသည်။   ဧရာဝတီတိုင်း ဒေသကြီးတွင်     စာစစ်ဌာန စုစုပေါင်း   ၂၀၇   ခု၌  စာမေးပွဲ ဖြေဆိုရန် စုစုပေါင်း ၂၂၁၁၅ ဦး စာရင်းပေးသွင်းကြပြီး ၂၀၀၅၈ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရ သည်။                    

သတင်းစဉ်