ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇူလိုင်    ၆


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာနသို့  ရောက်ရှိပြီး တာဝန်ရှိသူများက   လက်ရှိ ဆောင်ရွက်လျက်ရှိသော    အကျိုးပြုသုတေသန လုပ်ငန်းများ၊     ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် နည်းပညာဆိုင်ရာ ဆင့်ပွားသင်တန်းပေးနိုင်မှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။


ဆက်လက်ဆောင်ရွက်သွားနိုင်ရန်လိုအပ်


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခေတ်မီ ဓာတ်ခွဲစမ်းသပ်ခြင်း       ဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံခြားသွင်းကုန်ပို့ကုန်နှင့် စက်မှုလုပ်ငန်းသုံး ဓာတု ဗေဒကုန်ကြမ်းပစ္စည်းများကို ရည်ညွှန်းဓာတ်ခွဲခန်း တစ်ခုအနေဖြင့် ခေတ်မီဓာတ်ခွဲ စမ်းသပ်ပေးခြင်းများ ကို စစ်ဆေးဆောင်ရွက်ပြီး  စဉ်ဆက်မပြတ်  အရှိန် အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရန် လိုအပ် ပါကြောင်း။


ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် နိုင်ငံတော် အတွက်အရေးပါသည့်     လုပ်ငန်းတစ်ခုဖြစ်သည့် အတွက် ၎င်းနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်း များ၊      နည်းပညာလွှဲပြောင်းရေးနှင့်     ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို      အစဉ်တစိုက် တိုးတက်ဖွံ့ဖြိုးဖော်ဆောင်ရန်  လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓာတု နည်းပညာသုတေသနဗဟိုဌာနသို့     ရောက်ရှိပြီး ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာ လက်တွေ့ဓာတု ဗေဒနည်းပညာ၊    နာနိုနည်းပညာ၊    အစားအစာ နည်းပညာ၊ ဆေးဝါးအထောက်အကူပြုနည်းပညာနှင့် သဘာဝစွန့်ပစ်အမျှင်   ကွန်ပို့စစ်နည်းပညာစသည့်  သုတေသနလုပ်ငန်းများအား    ဆောင်ရွက်နေမှု၊ သုတေသနရလဒ်များကို လက်တွေ့အသုံးချစေရန်၊ နည်းပညာတောင်းဆိုထားသော စီးပွားရေးလုပ်ငန်း ရှင်များ၏ ထုတ်ကုန်အရည်အသွေး တိုးမြင့်လာစေ ရန်နှင့်   ထုတ်ကုန်အမည်သစ်    ထွက်ရှိလာစေရန်၊ ပြည်တွင်း  ပြည်ပဈေးကွက်   တိုးချဲ့နိုင်စေရန်တို့ အတွက် နည်းပညာများ လွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေ ပေးခြင်း၊   နည်းပညာအကြံပေးခြင်း၊    နည်းပညာ ပြန့်ပွားရန်   ဆောင်ရွက်ခြင်းများနှင့်   လက်တွေ့ အသုံးချနည်းပညာရပ်ဆိုင်ရာ သင်တန်းများ၊ အစား အစာဘေးကင်းလုံခြုံမှုဆိုင်ရာ    သင်တန်းများနှင့် ဓာတုပစ္စည်းလုံခြုံစိတ်ချမှုဆိုင်ရာ    သင်တန်းများ ဆင့်ပွားသင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ထားရှိမှု များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။


 ပူးပေါင်းဆောင်ရွက်သွားရန်မှာကြား


ထို့နောက်      ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူ များ လက်တွေ့ကွင်းဆင်းလေ့လာခြင်းနှင့် ဘွဲ့ကြို စာတမ်း၊   မဟာဘွဲ့၊    ပါရဂူဘွဲ့လွန်ကျောင်းသား ကျောင်းသူများအတွက် ကျမ်းပြုသုတေသနလုပ်ငန်း များတွင်     ကြီးကြပ်ဆောင်ရွက်ပေးခြင်းများကို နည်းပညာတက္ကသိုလ်များ၊   ကွန်ပျူတာတက္ကသိုလ် များနှင့်    ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။    

               သတင်းစဉ်