
နေပြည်တော် မတ် ၃၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network မှ Pre-sident , Mr. Vadim Titov ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည် ခိုင်မြဲရေးကိစ္စ၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နျူကလီးယား နည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုးမြှင့်ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ နျူကလီး ယားနည်းပညာကို ပြည်သူလူထု ထံမှ အပြုသဘောဆောင်သော သဘောထားအမြင်များရရှိနိုင်ရေးအတွက် နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations နှင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်