ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မေ   ၁၂


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့ နံနက် ပိုင်းတွင်        ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ဦးစွာ ပြည်ထောင်စု ဝန်ကြီး သည်          ရန်ကုန်နည်းပညာ တက္ကသိုလ်တွင်         အကြီးစား ပြင်ဆင်   ထိန်းသိမ်းရေးလုပ်ငန်း များ   ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံ၍ လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကုမ္ပဏီ များအနေဖြင့်   အရည်အသွေး ပြည့်မီ၍   ရေရှည်တည်တံ့ခိုင်မြဲ စေရေး   စေတနာထား၍ဆောင် ရွက်ပေးစေလိုကြောင်း၊   အရည် အသွေး   စစ်ဆေးပေးသည့်အဖွဲ့ အနေဖြင့်လည်း သေချာဂရုတစိုက် ကြီးကြပ်  ဆောင်ရွက်ပေးစေလို ကြောင်း၊         တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါ သဖြင့်   အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး   ကြီးကြပ် ဆောင်ရွက်          ပေးစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိသည့် ကျောင်းသား ကျောင်းသူ ဆောင်များ၊    အားကစားကွင်း၊ ကန်တင်း၊ ပင်မဆောင်ရှိ စာသင် ခန်းများနှင့်   လက်တွေ့ခန်းများ ကို      လိုက်လံကြည့်ရှုစစ်ဆေး ပြီး   လိုအပ်သည်များ   မှာကြား သည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်  ရန်ကုန်နည်းပညာ တက္ကသိုလ်ရှိ  ဘွဲ့နှင်းသဘင်ခန်းမ တွင်    ပါမောက္ခချုပ်၊   ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ  ဆရာမများ၊  ဝန်ထမ်းများ နှင့် တွေ့ဆုံကာ  လူ့အဖွဲ့အစည်း၊ လူသားများနှင့်    ပတ်ဝန်းကျင် ကောင်းကျိုးအတွက်  ဆန်းသစ် တီထွင်နိုင်သော သုတေသီများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်     တည်ဆောက်ရေးတွင် ထိထိရောက်ရောက်      အကျိုးပြု နိုင်သော             အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများနှင့် သုတေသီ များ ဖြစ်လာစေရန် ကျောင်းသား ကျောင်းသူများအား   စနစ်တကျ သင်ကြား      လေ့ကျင့်ပေးရန်၊ စာတွေ့သာမက   လက်တွေ့ကျ သည့်       သင်ခန်းစာများဖြင့် သင်ကြားပေးပြီး           လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်း သာယာလှပရေးတို့ကို   အလေး ထားဆောင်ရွက်ရန်  မှာကြားပြီး ဆရာ  ဆရာမများနှင့်  ဝန်ထမ်း များ၏ အခက်အခဲတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း            ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်         အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)သို့ ရောက် ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူး များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ ၍  ကျွမ်းကျင်မှု  အရည်အသွေး ပြည့်ဝသော   လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပေးနိုင်ရေးအတွက် သင်ကြားသင်ယူ        လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်  အဆင် သင့်ဖြစ်စေရေးအတွက်  ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊   စီမံခန့်ခွဲရေး ဆိုင်ရာ   ကိစ္စရပ်များကို   မှာကြား ပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်း များ၏ အခက်အခဲတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးက  ပေါင်းစပ် ညှိနှိုင်း            ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည်      အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)ရှိ   စာသင် ခန်းများ၊    လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို      လှည့်လည် ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည် များ      မှာကြားခဲ့ကြောင်း    သိရ သည်။     

သတင်းစဉ်