
နေပြည်တော် စက်တင်ဘာ ၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၂ ရက် တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း) သို့ ရောက်ရှိပြီး သင်တန်းခန်းမများ၊ မြို့ပြအင်ဂျင် နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ သုတ နည်းပညာအင်ဂျင်နီယာဌာန၊ မော်တော်ယာဉ် နည်းပညာအင်ဂျင်နီယာဌာန၊ စက်မှုပုံစံပြုနှင့် CNC ဌာနများသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက် ထားသည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်စေရန် လေ့ကျင့်သင်ကြားဆောင်ရွက်နိုင် စေရန် စီစဉ်ထားရှိမှုများ၊ သင်တန်းသား အိပ်ဆောင် များနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သင်တန်းခန်းမ၌ ကျောင်းအုပ် ကြီးနှင့် ပါမောက္ခဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် သက်ဆိုင်ရာ နယ်ပယ်အလိုက် အရည် အသွေးပြည့်ဝသည့် လုပ်သားများရှိရန် လိုကြောင်း၊ သင်တန်းသားများကို ပြုစုပျိုးထောင်ပေးမည့် ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း များ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ e-Learning Online စနစ် သင်ကြားသင်ယူမှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို မှာကြားသည်။
စက်တင်ဘာ ၃ ရက်တွင် ပြည်ထောင်စုဝန်ကြီး သည် သုတေသနဌာနများ၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်း (ကျောက်ဆည်)သို့ သွားရောက်ပြီး သုတေသနဆောင်ရွက်နေမှု အခြေအနေများ၊ သင်ကြားသင်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်