
နေပြည်တော် ဒီဇင်ဘာ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပ္ပားဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြ သည်။
တိုက်တွန်းမှာကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် အသိပညာဗဟုသုတများကို ဆက်လက် တိုးပွားအောင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသွားကြရန်နှင့် လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားကြရန် နှင့် စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်း ကဏ္ဍမှ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက် နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြား သည်။
ဂုဏ်ပြုလက်မှတ်များပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် သင်တန်းတွင် ပထမဆု၊ ဒုတိယဆု နှင့် တတိယဆုရရှိသည့် သင်တန်းသား များနှင့် Group Presentation အကောင်း ဆုံးရရှိသည့် သင်တန်းသားများကို ဆုများ ချီးမြှင့်ပေးအပ်ပြီး တာဝန်ရှိသူများထံ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
ထို့နောက် သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက သင်တန်း မှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်း ဖွင့်လှစ် ပို့ချပေးခြင်းအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
သင်ကြားပို့ချ
အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် အခြား သော ဝန်ကြီးဌာနများမှ နည်းပြများဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါ အဝင် စီမံခန့်ခွဲမှု သဘောတရားများ (Management)၊ ကောင်းမွန်သော စီမံ အုပ်ချုပ်မှု (Good Governance)၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (Myanmar Investment Law)၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (Myanmar Companies Law)၊ လူမွဲခံယူ ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် သီအိုရီ များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ၊ သံတမန်ရေးရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခြင်းများ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ စသည့်ဘာသာရပ်များကို သင်ကြား ပို့ချပေးပြီး သင်တန်းသို့ သင်တန်းသား ၃၈ ဦး တက်ရောက်သည်။
ဆက်လက်ဖွင့်လှစ်သွားမည်
ဝန်ကြီးဌာနအတွင်း ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၄/၂၀၂၃) အထိ အရာထမ်း၊ အမှုထမ်းပေါင်း ၁၉၅ ဦး သင်တန်းပို့ချပြီးဖြစ် ကြောင်းနှင့်သင်တန်းအမှတ်စဉ်(၅/ ၂၀၂၃) ကို ၂၀၂၄ ခုနှစ်တွင် ဆက်လက်ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်