ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၇


ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ၏ ညှိနှိုင်းရေးမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ လက်ထောက်နှင့် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ၏ အကြံပေးဖြစ်သူ မစ္စတာ ရှာတီရော့ဗ်  ဆာဂေး ဗလာဒီမီရိုးဗစ်ချ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်  ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်  ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်