
နေပြည်တော် အောက်တိုဘာ ၂၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာ ကုန် လွှဲအပ်ခြင်းခံရသော ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံး အမှတ်(၁)၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်