နေပြည်တော် အောက်တိုဘာ ၁၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ယနေ့ နံနက်ပိုင်း က မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များအား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွာဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင် ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လူမှု - စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံ အစိုးရအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များကို ဆွေးနွေးလိုပါကြောင်း ပြောကြားသည်။
ဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တရုတ်နိုင်ငံမှ ပေးအပ် သည့် အကူအညီများဖြင့် ဆောင် ရွက်မည့် လူမှုစီးပွားရေးအစီအစဉ် များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေး တိုးမြှင့် မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍လည်းကောင်း ရင်းနှီးပွင့်လင်း စွာ ပြန်လည်ဆွေးနွေးသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်



