ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၁၉


စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. Vinay Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ စေရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စက်မှုဝန်ကြီးဌာန၌        ဆောင်ရွက်လျက်ရှိသည့် အကြီးစားစက်ရုံများဖြစ်သည့်     သံမဏိစက်ရုံများ၊  ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများနှင့် ဆေးဝါး စက်ရုံများတွင်   တာဝန်ထမ်းဆောင်နေသော   အမှု ထမ်း၊ အရာထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   နည်းပညာနှင့်  စီမံ ခန့်ခွဲမှု      သင်တန်းများကို     ပံ့ပိုးကူညီပေးနိုင်ရေး၊ အသေးစား၊  အငယ်စားနှင့် အလတ်စား  စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယ နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် သင်တန်းကျောင်း များသို့  ပညာတော်သင်များ  စေလွှတ်ပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံအစိုးရ၏  ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက် လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများရှိ ဆရာ ဆရာမများအတွက်    နည်းပညာဆိုင်ရာ     နည်းပြ သင်တန်းများ ပံ့ပိုးပေးနိုင်ရေးနှင့် အမျိုးသားသံမဏိ မူဝါဒ ရေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှု များ    ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို    ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့    စက်မှုဝန်ကြီးဌာနမှ    ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 


သတင်းစဉ်