ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စီမံကိန်းစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သင်တန်းသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်    စက်တင်ဘာ   ၂၈
စီမံကိန်းစီမံခန့်ခွဲမှု (Project Man-agement)နှင့်   ပတ်သက်သည့် သင်တန်းကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှုဝန်ကြီးဌာန အနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိ စက်ရုံ  (ပင်းပက်)   စီမံကိန်းတို့ ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဦးစီးဌာန၊ လုပ်ငန်းများတွင်ဘဏ္ဍာ နှစ်အလိုက်ရရှိသည့် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့်   လုပ်ငန်းစီမံ ကိန်းများ၊ လုပ်ငန်းများ  ဆောင် ရွက်လျက်ရှိကြောင်း၊ အရာထမ်း ကြီးများအနေဖြင့်    လုပ်ငန်းစီမံ ကိန်းကြီးများ၊  လုပ်ငန်းများနှင့် စပ်လျဉ်းပြီး       ပိုမိုနားလည် တတ်ကျွမ်းစေရန်နှင့်     ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် နှင့်အညီ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေး   အတွက် လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှု (Pro-ject Management) ဘာသာရပ် သင်တန်းကို  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်      ညှိနှိုင်းစီမံ ဆောင်ရွက်ခဲ့ခြင်း  ဖြစ်ကြောင်း၊ ယနေ့သင်တန်းသို့ တက်ရောက် လာကြသည့်      အရာရှိကြီးများ ရှင်းလင်းဆွေးနွေး    ပို့ချမှုများကို စိတ်ဝင်စားစွာဖြင့် နာယူမှတ်သား ကြရန်နှင့်     မရှင်းလင်းသည့် အချက်၊ သိရှိလိုသည့်အချက်များ ကို ပြန်လည်မေးမြန်းဆွေးနွေးကြ ရန် ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူး ချုပ်က    စီမံကိန်းစီမံခန့်ခွဲမှု၏ သဘောတရားများ၊ လိုက်နာရမည့် ဥပဒေ၊    လုပ်ထုံးလုပ်နည်းများ၊ ဘတ်ဂျက်လျာထားတောင်းခံမှု၊ သုံးစွဲမှု၊    လွှဲပြောင်းသုံးစွဲမှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း များ၊    လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းတန်ဖိုးပြောင်းလဲရာတွင် လိုက်နာရမည့်     အချက်များကို အသေးစိတ်   ရှင်းလင်းဆွေးနွေး ပြီး    တက်ရောက်လာသူများက မရှင်းလင်းသည့်   အချက်များနှင့် သိရှိလိုသည်များကို  မေးမြန်းရာ ညွှန်ကြားရေးမှူးချုပ်က  တစ်ဦး ချင်းစီ၏မေးမြန်းမှုများကို အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက   နိဂုံးချုပ်အမှာစကား ပြောကြား၍    အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊   စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့်  ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေ ထွေမန်နေဂျာများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်ရုံမှူး၊ ဒုတိယစက်ရုံမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတို့မှ       ဦးစီးဌာနမှူးများ နှင့် စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများသည် Vir-tual  စနစ်ဖြင့်   သတ်မှတ်နေရာ အသီးသီးမှ တက်ရောက်ခဲ့ကြောင်း သိရသည်။                    သတင်းစဉ်