
နေပြည်တော် အောက်တိုဘာ ၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် အိန္ဒိယနိုင်ငံ Hindustan Machine Tools (HMT) Interna-tional Ltd. ၏ General Manager ဖြစ်သူ Mr. Y.K. Vaish ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် ဆောင် ရွက်လျက်ရှိသည့် စက်မှုသင်တန်း ကျောင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စက်မှုသင်တန်း ကျောင်း (မုံရွာ)နှင့် စက်မှုသင်တန်း ကျောင်း (သထုံ) အမြန်ဆုံးဖွင့်လှစ် နိုင်ရေး၊ စက်မှုသင်တန်းကျောင်း များရှိ ဆရာ ဆရာမများအတွက် နည်းပညာဆိုင်ရာ နည်းပြ သင်တန်းများ ပံ့ပိုးပေးနိုင်ရေး၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် သံမဏိထုတ်လုပ်မှု၊ ရော်ဘာစီးပွားဖြစ် ထုတ်လုပ်မှု ဆိုင်ရာသင်တန်းများ၊ မော်တော် ယာဉ် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ နည်းပညာသင်တန်းများ နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှု ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အတွက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရေးကိစ္စ ရပ်များ၊ စက်ပစ္စည်းကိုင်တွယ် ထိန်းသိမ်းမှုဆိုင်ရာ သင်တန်း များ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ ပညာတော်သင် များ စေလွှတ်ပေးနိုင်ရေးနှင့် လိုအပ် သည့်ကူညီမှုများ ဆက်လက်ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
HMT International Ltd. သည် အိန္ဒိယနိုင်ငံအကြီးစား စက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီးဌာန အောက်ရှိ အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် အကူအညီ (Grant Aid)ပေးရေး နားလည်မှုစာချွန် လွှာအောက်တွင် မြန်မာနိုင်ငံ ၏ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေးအစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန် အဆို ပါ အဖွဲ့အစည်းကို အိန္ဒိယနိုင်ငံ အစိုးရမှ တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ စက်မှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်