
တောင်ကြီး ဇွန် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးမင်းမင်းလွင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ တာဝန် ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့သို့ရောက်ရှိပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အသိ ပညာပေးစင်တာနှင့် ကယ်ဆယ် ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စု ဝန်ကြီးက စင်တာအတွင်းအပြင် သန့်ရှင်း သပ်ရပ်စေရေးနှင့် မီးဘေးလုံခြုံရေး အမြဲမပြတ် ဆောင်ရွက်ကြရန်၊ ဝင်းခြံအတွင်း အရိပ်ရအပင်နှင့် ရာသီအလိုက် အလှပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုးထားရှိရန်နှင့် ထောက်ပံ့မှု လုပ်ငန်းများကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက် မြန်ဆန်စွာဖြင့် ပြည်သူများသို့ ဝန်ဆောင်မှုပေးရန် မှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့ရှိ ကန်သာယာမူလတန်းကြိုကျောင်း သို့ သွားရောက်ပြီး ကလေးငယ် များအား သင်ကြားပြုစု စောင့် ရှောက်နေမှုနှင့် သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းထားရှိမှု အခြေအနေများကို ကြည့်ရှု ကာ ကလေးငယ်များ အား ပဲနို့နှင့် အာဟာရမုန့်များ ပေးဝေသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မူကြိုဆရာမများနှင့် တွေ့ဆုံရာပြီး နိုင်ငံတော်၏ အနာ ဂတ်ဖြစ်သော ရင်သွေးငယ်များကို ဝန်ကြီးဌာနက သတ်မှတ်ပေး ထားသော သင်ရိုးများ၊ သင်ကြား နည်းစနစ်များဖြင့် စနစ်တကျ ပြုစု စောင့်ရှောက်ပေးကြရန်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို ငယ်စဉ်ကပင် စွဲမြဲစေရေး မပြတ် လေ့ကျင့် သင်ကြားပေးကြရန် တို့ကို မှာကြားပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်