
နေပြည်တော် ဩဂုတ် ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအကြား ရွှေ့ပြောင်းအလုပ်သမားကိစ္စများ နှင့် လူကုန်ကူးခံရသူများအား အကူအညီပေးရေးကိစ္စများ၊ IOM နှင့် ဝန်ကြီးဌာနအကြား လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နှင့် လူကုန်ကူးခံရသူများ ရပ်ရွာ အတွင်း ပြန်လည်ဝင်ဆံ့ရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ ဝန်ကြီး ဌာနနှင့် IOM အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ညှိနှိုင်းပေါင်းစပ် မှုဖြင့် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း ၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ရခိုင်ပြည်နယ် ရှိ မိုခါမုန်တိုင်းသင့်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်း များ ထောက်ပံ့ရေးအစီအစဉ်တွင် IOM မှ ပူးပေါင်းပါဝင်မှုများနှင့် IOM အဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်း များ၏ ပြည်ဝင်ဗီဇာထောက်ခံချက် ပေးနိုင်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်