
နေပြည်တော် ဩဂုတ် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော် နိုင်တို့နှင့်အတူ သြဂုတ် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တောင်ငူမြို့နယ် ကေတုမတီ ငါးနှင့် ကြက်မွေးမြူရေး ကုန်ထုတ် သမဝါယမအသင်းလီမိ တက်အသင်းဝင် ငါးမွေးတောင်သူ များအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရာ ငါးမွေးကန် ၁၁၂ ဒသမ ၆၁ ဧကအတွက် ငါးသား ပေါက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်ငူခရိုင်အတွင်း၌ ငါးမွေးကန် ၄၂၁ ဒသမ ၆၉ ဧက ကို ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ပေး
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို အောင်မြင်လာစေရန် ရည်ရွယ်၍ ငါးသားပေါက်များ ထောက်ပံ့ပေး လျက်ရှိရာ တစ်ဧကလျှင် ငါးသား ပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးရှိ ငါးမွေးကန်ဧက ၁၅၀၀၀ အတွက် ငွေကျပ်သန်း ၆၀၀၀ တန်ဖိုးရှိ ငါးသားပေါက်များ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်း များကို ကမ်းရိုးတန်းဒေသရှိ တိုင်း ဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ် ပေးနိုင်ရေးအတွက် ငွေကျပ်သန်း ၆၀ ပံ့ပိုးပေးရန် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချက်ရရှိခဲ့ရာငါးမွေးတောင်သူ များနှင့် ငါးဖမ်းလုပ်သားများအတွက် အကျိုးရှိ ထိရောက်စေမည့် အစီ အမံများဖြင့် ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကြည့်ရှုအားပေး
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်း အိုးထိန်းချောင်း တူးဖော်မှုလုပ်ငန်း၊ ခပေါင်းလက်ဝဲ မြောင်းမကြီး DY-1 ၏ DO -4 ၌ ရေသုံးစွဲသူများအဖွဲ့ WUG များ၏ မြောင်းရှင်း၊ မြောင်းဆယ်ခြင်း၊ ရေသွယ် ရေသောက်မြောင်းများ မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ရေသုံးစွဲသူများအဖွဲ့ WUG များနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက တောင်သူလယ်သမား များအနေဖြင့် ပြောင်းလဲဖြစ်ပေါ် လာသည့် ရာသီဥတုနှင့် မိမိတို့၏ ရေအရင်းအမြစ်အခြေအနေများအရ ဒေသအလိုက် စိုက်ပျိုးရေရယူသုံးစွဲ နိုင်ရေးကို ဌာနက ထုတ်ပြန်ပေးထား သည့် စည်းကမ်းများ၊ နည်းလမ်းများ နှင့်အညီ စနစ်တကျ စီမံဆောင်ရွက် ရန်လိုကြောင်း၊ စိုက်ပျိုးရေသုံးစွဲ ရာတွင် မိုးကောင်းသောက်စနစ် များပြားလျက်ရှိပြီး ဆည်ရေသောက် စနစ်သည် တစ်နိုင်ငံလုံးစိုက်ဧက၏ ၁၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ မိမိ တို့ ဝန်ကြီးဌာနအနေဖြင့်လည်း ပြောင်းလဲလာသော ရာသီဥတုနှင့် နောင်လာမည့်ကာလများ၌ ရေရရှိ သုံးစွဲမှု ပိုမိုတိုးမြှင့်ပေးနိုင်ရေးကို စီမံ ကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေသုံးစွဲသူများအဖွဲ့ WUG များမှတစ်ဆင့် ရေသုံးစွဲသူများအသင်း WUA များ တိုးမြှင့်ဖွဲ့စည်းပြီး ပိုမို ကျယ်ပြန့်သည့် ရေသုံးစွဲမှုစနစ် တစ်ရပ် ထူထောင်သွားနိုင်ရေးအတွက် ပူးပေါင်းကြိုးပမ်းပေးကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် တောင်ငူမြို့နယ် ထန်းကုန်း ကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ၏ Cash for Work အထောက် အပံ့ငွေကျပ် ၁၀ သန်းဖြင့် ဆောင် ရွက်လျက်ရှိသည့် ကျောက်ရောမြေ ခင်းခြင်း၊ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသ ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့် ဇော်က ဖြည့်စွက်ရှင်းလင်း တင်ပြ သည်။
ထိုမှတစ်ဆင့် ဖြူးမြို့နယ် ခရမ်း ကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ၏ Cash for Work အထောက် အပံ့ ငွေကျပ် ၁၀ သန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် ရေမြောင်းတူးဖော်ခြင်း နှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဖြူးဆည်ရေ သောက်စနစ်နှင့် ဖြူးရေလွှဲဆည်တို့ ကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ် ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဖြူးဆည်ရေသောက်အတွင်း စိုက်ပျိုး ရေပေးဝေမှုအခြေအနေများ၊ ဖြူး ရေလှောင်တမံကြံ့ခိုင်ရေးနှင့် ရေပိုလွှဲ အောက်ခြေရေငြိမ်ကန် ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆည်ရေ သောက်စနစ်များဖွံ့ဖြိုးရေး၊ ရေလှောင် တမံများ ဘေးကင်းလုံခြုံရေးနှင့် ဆည်ရေစနစ်တကျ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် ကျေးတောစုရွာ၌ ကိုဗစ်-၁၉ စီးပွား ရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ၏ Cash for Work အထောက် အပံ့ငွေကျပ် ၁၀ သန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် စာသင်ကျောင်း ခြံစည်း ရိုးကာရံခြင်း၊ လမ်းမြေတူးမြေခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
အကျိုးပြုနိုင်မည်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေး အကျပ်အတည်းများမှ အမြန်ဆုံး အဆင်ပြေစေရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် “ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်”(CERP)အရ ပြည်သူများ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်ဖန်တီး ဖော်ဆောင်ပေးရန်၊ ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး ရန်နှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေ ရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် Cash for Work စီမံကိန်းကို ငွေကျပ်သန်း ၂၅၀၀၀ အသုံးပြုပြီး နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၂၄၈၈ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာအိမ်ထောင်စု ၁၂၀၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကျေးတောစုသမဝါယမ အသင်းသို့ရောက်ရှိရာ အသင်းတာဝန် ရှိသူများက အသင်း၏ ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် သမဝါယမအသင်းများ တိုးတက်အောင်မြင်ရေးအတွက် ဌာန က ကူညီပံ့ပိုးပေးနေမှုဆိုင်ရာ ကိစ္စ ရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်